Part...16

8.9K 476 12
                                    

နွေးရာ က သင်တန်းဆင်းတော့ ပစ္စည်း
များကို ကောက်သိမ်းရင်း ခေါင်းတည့်
တည့်မှာ ဖွင့်ထားတဲ့ပန်ကာကို မော့ကြည့်
လျက် နှုတ်ခမ်းကိုမဲ့ချပြီး နှာစေးနေတာကြောင့် မင်းချင်းဆောင်းပေးလိုက်သည့် သိုးမွှေးဦးထုပ်လေးကို နေရာတကျပြင်ဆောင်းသည်။ ပြီးနောက် ရောက်နေပြီ
ဖြစ်တဲ့ မင်းချင်း ကို လက်ပြမိတော့
မှုန်ကုတ်ကုတ်နေတဲ့ ကောင်လေးမှာ
သူ့ကိုဝဋ်ကြေတန်းကြေတောင် ပြုံးပြ
မလာပါ။ ဒါလည်းပဲ သူကပြုံးလျက်
ထွက်လာပြီး မင်းချင်းအနားသို့ မပြေး
ရုံတမယ် ခြေလှမ်းများနှင့် လျှောက်သွား
သည်။

"ဘာလုပ်တာလဲဗျ"

"ဘာလုပ်တယ်ထင်လို့လဲ"

သူ့ဦးထုပ်ကိုဆွဲချွတ်သွားတဲ့ အတန်းထဲ
က ရွတ်နောက်နောက်ကောင်လေးမှာ
ဦးထုပ်ကို လက်မှာ​မြှောက်ကိုင်ရင်း
လျှာထုတ်လို့ ပြောင်ပြနေသေးသည်။

"ပေးစမ်း စောက်လုပ်မရှိဘူးလား"

"ဘာဗျ့"

မင်းချင်း မှာ အနားရောက်လာပြီး
ထိုကောင်လေးလက်ထဲက ဦးထုပ်ကို
ဆွဲလု​ပြီး နွေးရာ၏ လက်ကို ဆွဲကာထွက်
လာသည်။ ကားပေါ်ရောက်တော့မှ
လက်ထဲက ဦးထုပ်နဲ့နွေးရာ၏ မျက်နှာ
တည့်တည့်ကို ပစ်ပေါက်သည်။

"ခင်ဗျားလည်း ယောက်ျားတရုန်းရုန်း
နဲ့နော် ကျွန်တော့်အကြောင်းသိတော့မယ်"

ထိုစကားကြောင့် နွေးရာ၏မျက်လုံးများ
ဟာဝိုင်းဆက်သွားပြီး ခေါင်းကိုချက်ချင်း
ငုံ့ချသွားသည်။ မင်းချင်းကလည်းသူ့ကို
မကြည်ဟန်အပြည့်နှင့် စောင်းငဲ့ကြည့်ပြီး
ကားမောင်းထွက်လာသည်။
အတော်လေးကြာတော့မှ ငြိမ်သက်နေ
တဲ့ နွေးရာဆီမှ အသံထွက်လာခဲ့၏။

"အဲ့လိုမပြောပါနဲ့ ယောကျာ်းတွေနဲ့
ဖက်လဲတကင်းနေရင်တောင် ဘာဖြစ်လဲကျုပ်က အပျိုဖြန်းလေးမှ မဟုတ်တာ
ယောက်ျားတစ်ယောက်ပဲလေ
ကျုပ် က မင်းချင်း ကို ချစ်တယ်ဆိုတိုင်း
ယောက်ျားတိုင်းအပေါ်မှာ စိတ်ရှိနေတာ
မဟုတ်ဘူးဗျ"

"သိပ်တတ်နေလားဟမ်! သိပ်တတ်နေ
တယ်ပေါ့ ဟုတ်လား"

"အမလေး"

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now