Part...30

9.3K 427 59
                                    

ကတို့လှေပေါ်တက်ရန် မင်းချင်း၏
ခြေထောက်များဟာ လှမ်းလို့မရ။
တစ်ခုခုက သူ့ကိုဆွဲချုပ်ထားသလို လေးလံနေ၏။ လှေသေးသေးနိမ့်နိမ့်
လေးအပေါ် ကို ဖိုးကျော်ကတော့လစ်ခနဲနေအောင်တက်သွားတာကြည့်ပြီး သူ့
ကိုယ်သူ အားလိုအားမရဖြစ်လာသည်။
လေးလုံးကတော့ သူ့အဖွားနဲ့ ခဲစုရပ်ကို သွားတာကြောင့် လှေစီးခြင်းအမှုမှာ
မပါခဲ့ပေ။ ဇော်ဂျီဆိုတဲ့ လူကလည်း
လှေလှော်တင်ကိုကိုင်လျက် တာရိုးပေါ်
မှာ ရပ်နေစဲဖြစ်တဲ့ သူ့ကိုကြည့်ရင်း
တခွီခွီနဲ့ရယ်နေ၍ မင်းချင်းကမျက်လုံးများကို မှေးကျဥ်းလို့ မကြည်ကြည့်နှင့်
ကြည့်မှသာ ယောင်လည်လည်နှင့် တစ်ဖက်လို့ မျက်နှာလွှဲသွားသည်။

"အဖိုးငယ်လေးကလည်း တက်ပါဆို"

"မင်းလှေက မှောက်သွားရင်ဘယ်လို
လုပ်မလဲ ရေတွေကလည်းညစ်ပတ်သေး"

"မညစ်ပါဘူး နောက်ရက် ခဲစုရပ်က
ချောင်းစုံမှာ ရေကူးဖို့ခေါ်သွားမယ်
အခုတော့ လှေစီးမယ် လာလို့"

မင်းချင်း​ခြေတစ်လှမ်းလှမ်းလိုက်ပြီး
အိခနဲဖြစ်သွားသည့်မြေကြီးကြောင့်
မျက်နှာကိုရှုံ့မဲ့လျက် ငုံကြည့်ရင်း ငယ်
သံပါအောင် ထအော်တော့သည်။

"အား!"

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ပိုးတွေ့လို့လား ဘယ်မှာလဲ"

ဇော်ဂျီဆိုသူက လှော်တက်ကိုင်ပြီး
အနားသို့အပြေးရောက်လာကာ သူ့ခြေ
ထောက်အောက်ကို ပြူးပြူးပြဲပြဲနှင့်ရှာ
သည်။

"ဗွက်တွေပေသွားပြီဗျာ ဒီဖိနပ်က
ငါ အကြိုက်ဆုံးကွ"

"​​​​မြွေတွေ့တာမဟုတ်ဘူးပေါ့"

"မဟုတ်ပါဘူး"

"ကျစ်...လန့်သွားတာပဲဗျာ ဖိုးကျော်က
မြွေကြောက်တတ်တာဗျ"

"ဒီကောင်ကြောက်တတ်တဲ့သတ္တဝါလည်း ရှိသေးတယ်ပေါ့"

"သူ့အဖေက ပိုးထိပြီးဆုံးသွားတာ"

ထိုစကားကြောင့် မင်းချင်းလည်းဘာ
ဆက်ပြောရမှန်းမသိဖြစ်သွားပြီး လှေ
ပေါ်က ဖိုးကျော်ကို ကြည့်လိုက်တော့
ဒူးနှစ်ဖက်ကို ပိုက်လို့ သူရပ်နေရာ၏
အောက်ခြေကို မျက်တောင်မခတ်တမ်း
စိုက်ကြည့်နေသည်။ မင်းချင်းစိတ်ထဲ
တစ်မျိုးတစ်မည် ဖြစ်သွားသည်ကြောင့်
အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိ၏။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now