Extra 1

6.5K 308 43
                                    

မင်းချင်းမျက်နှာပေါ်ကအပြုံးများဟာ
ဖုံးဖိမရအောင်ဖြစ်နေပြီး သူ့ဘေးက
နွေးရာကိုမျက်တောင်မခတ်တမ်းကြည့်
နေ၏။နွေးရာကတော့ သူ့ကိုတစ်ချက်
လေးတောင်လှည့်မကြည့်ဘဲ မခင်အုံနဲ့သာ
စကားပြောနေပြီး လူကြီးတွေအရှေ့မှာ
လက်တောင် အကိုင်မခံတာကြောင့်
နွေးရာဝတ်ထားတဲ့ခပ်ပွပွစပို့ရှပ်၏အနား
စကိုသာဆုပ်ကိုင်ထား၏။ဒါတောင်သူ့လက်ကိုမသိမသာဖယ်ချနေ၍ ဆွဲဖက်
နမ်းချင်စိတ်ကို မျိုသိပ်ထားရသည်။

"အမတို့ရွာကိုခဏပြန်မလို့ ဘာမှာကြ
အုံးမလဲ"

"ထည့်ပေးလိုက်စရာရှိတယ် မနက်ဖြန်မှ
သွားမှာမှတ်လား လာ...နွေးရာ မောင်တို့
အပြင်သွားရအောင်"

"ဒီမှာ စကားပြောနေတယ်လေ"

"ပြောလို့ကိုမပြီးတော့ဘူးလား"

မင်းချင်းပုံစံကလိုချင်တာမရတဲ့ကလေး
တစ်ယောက်လို တစ်ကိုယ်လုံးကိုခါရမ်း
ပြီး ဆိုဖာပေါ်ထိုင်နေရာမှကိုယ်ကိုလျှော
ချပစ်သည်။

"​ယောက်ဖက သူငယ်ပြန်နေတာပဲ
လိုက်သွားလိုက်စမ်း ငါ့ညီရာ"

"ဘာဗျ! မခင်အုံ"

ခင်အုံကသူ့မောင်အကြောင်းသိသူပီပီ
သူ့ယောက်ျားရဲ့လက်မောင်းကိုလှမ်း
ပုတ်ရင်း ဟန်ကို့စေသည်။

"သူငယ်ပြန်လည်း ယောက်ဖက သိပ်
ချောသကိုးကွ ရာပြည့်ကြိုက်တာလည်း
မပြောနဲ့"

"အကို!"

"ဟား...ဟား ဒါပေါ့ ကိုယ့်မင်းကိုယ့်ချင်း
ကို ဘယ်သူကမကြိုက်ပဲနေနိုင်မှာလဲ"

"ရှင်ကသွား​မြှောက်တာ ဒင်းကဆေးမမှီ
တော့ဘူး"

"မခင်အုံ!"

"ငါ့လာအော်မနေနဲ့ အစတုံးကတော့
ငါ့ကိုများ တောသားကိုလင်တော့လို့
မင်္ဂလာဆောင်တောင်မလိုက်လာတာ
အခုတော့ဘယ်လိုလဲ လယ်ထွန်ဖို့နင့်ပခုံးကောင်းရဲ့လား"

"အချစ်ဆိုတာဒီလိုပဲ ဖြေရှင်းဖို့နည်းလမ်း မရှိဘူး ပခုံးကောင်းလားသိချင်ရင်
ရွာရောက်တာနဲ့ ကျွန်တော့်လယ်ထဲကို
သွားကြည့်လိုက်"

"ကြီးကြီးကျယ်ကျယ်"

မင်းချင်းကသူ့အမ၏အပြောကြောင့်
ဆံစဖြူများကို ဟန်ပါပါသပ်တင်ပြီး
မျက်နှာကိုမော်ချီပစ်သည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now