ဇာတ်သိမ်းပိုင်း

9.9K 410 38
                                    

ရွာမှာအစောကြီးထရခြင်းကို မင်းချင်း
က အကျင့်ဖြစ်သွား၏။မြို့ကိုပြန်ရောက်
တာတောင် သူဟာကြာကြာအိပ်လို့မရ။
မနက်ခင်း နေမထွက်ခင်တည်းကနိုးနှင့်
နေပြီဖြစ်၏။သူ့ဘေးမှာကွေးကွေးလေးအိပ်နေတဲ့နွေးရာထက်ပင် ပို၍ဝီရိယကောင်းနေသလို။ နွေးရာကိုယ်ပေါ်မှ လျှောကျနေတဲ့စောင်ကို အသာဆွဲအုပ်
ပေးလိုက်ပြီးနောက် သူ့လက်ချက်ကြောင့်
အနည်းငယ်ဖူးယောင်နေသည့် နှုတ်ခမ်း
ပါးလေးကို မနက်ခင်းတစ်ခုလုံးအဆင်
ပြေချောမွေ့ဖို့အရေး ဖိကပ်နမ်းလိုက်၏။
မနမ်းရမချင်း သူ့စိတ်က ကြည်နေမှာ
မဟုတ်ဘူး။ နွေးရာကသူ့အပေါ် အဲ့ဒီလောက်အထိ လွှမ်းမိုးနိုင်တာ။

ခိုးယူခြင်းမဟုတ်တဲ့ အသိပေးမှုမပါ
သောအနမ်းကြောင့်လှုပ်ခတ်လာသည့်ကိုယ်လေးအား ဖျစ်ညစ်လိုက်ချင်ပေ
မယ့် နိုး သွားမည်စိုး၍ နမ်းနေရာမှဖယ်
ခွာရင်းဦးခေါင်းလေးကိုလည်း တဖွဖွ
ပွတ်သပ်ပေးလိုက်သည်။ ထိုအခါမှ
ပြန်လှည်အိပ်မောကျသွားခြင်းကို ကြည့်ရင်း ပြုံးနေလေသည်။

ဒါဟာမင်းချင်းအတွက် သိပ်ကိုသဘော
ကျချင်စရာကောင်းတဲ့မနက်ခင်းတစ်ခုပဲ။

ရွာမှာအလုပ်နဲ့လက်မပြတ်ဘဲနေလာခဲ့
ရ၍ အခုတော့အစောကြီးနိုးနေတဲ့သူ့အဖို့
တော်တော်မှ ပျင်းစရာကောင်းနေသလို
ခံစားနေရသည်။နွေးရာရဲ့ဘေးမှာသာ
ထိုင်နေပြီး အိပ်မောကျနေတဲ့ကိုယ်လေး
ကို ရင်ခွင်ထဲထွေးဖက်ထားမိသည်။

အခုချိန်ရွာမှာဆို ဖိုးကျော်နဲ့လေးလုံးက
စျေးထဲသွားဖို့ သူ့ကိုဆော်သြနေကြပြီလေ။စျေးထဲရောက်တာနဲ့ လူအစည်ဆုံး
ဖြစ်တဲ့ စျေးဗန်းလေးကြောင့်သူ့မှာတစ်
ရက်မှတောင် မပျင်းခဲ့ရပေ။ ရွာခံစျေး
သည်များရဲ့လာဘ်ကောင်လေးလို့ခေါ်
ကြပုံကိုလည်း သူအရမ်းသဘောကျနေ
ခဲ့တာ။ ကိုဗေဒါနဲ့လှေလိုက်သွားတိုင်း
တုတ်တစ်ချောင်းနဲ့စောင့်နေတတ်တဲ့
နွေးရာကသိပ်ချစ်ဖို့ကောင်းတယ်။
ကိုမောင်ကြီးနဲ့ဇော်ဂျီကတော့ သူ့ရဲ့
အရင်းနှီးဆုံး ရောင်းရင်းတွေ။
ဘွားကြိုင်ရော သူမရှိတော့စကားပြော
ဖော်လိုနေတော့မှာပဲ။ ဖေ့သားကြီးတွေ
လို့ သူအမြဲခေါ်တတ်တဲ့ နွားနှစ်ကောင်
ရော အဘမသိအောင် အစာတွေခိုးကျွေးတတ်တဲ့သူမရှိတော့ ရှာနေမလား။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now