Part...19

8.4K 435 43
                                    

Pole Dance ကနေသည့် မိန်းကလေး
များ အရှေ့ရောက်တော့ မင်းချင်း၏
ခြေလှမ်းများဟာ ရပ်တန့်သွားပြီး
မျက်နှာမှာလည်း ချက်ချင်းကိုပြုံးရိပ်
သန်းသွားသည်ကို ကြည့်ရင်း ဒီပါနဲ့
ခေတ်ဦးက စိတ်ထဲမှာအသီးသီးကျိန်ဆဲ
မိကြ၏။နွေးရာကတော့ ပါးစပ်အဟောင်း
သားနှင့် မေးအံပြုတ်တော့မည့်အတိုင်း
စင်ပေါ်ကတိုင်မှာ လိမ်ခေါက်နေသည့်
မိန်းကလေးများကို ကြည့်လိုက် မင်းချင်း
ကို တစ်လှည့်ကြည့်လိုက် လုပ်နေ၏။
အရှက်လုံရုံသာ ဖုံးအုပ်ထားသည့်အပြင်
ခြေထောက်ကို တစ်ချက်တစ်ချက်ကား
လိုက်ရင် အမြင်ဘယ်လိုမှမသင့်သည်ကို
မင်းချင်း က ဝတ်ထားသည့်မျက်မှန်ကို
လျှောချပြီးတောင် ကြည့်နေသည်ကြောင့်
သူ့စိတ်ထဲမှ မွန်းကြပ်သလို၊ပူလောင်
သလို့၊ဝမ်းနည်းသလိုနဲ့ ဖော်ပြဖို့ခက်ခဲ
လွန်းလာသည်ကြောင့် ကူကယ်ရာမဲ့စွာ
နှင့် ခေတ်ဦး ကို လှည့်ကြည့်မိ၏။

"နှာဘူးကောင်"

"ဒီ club ကို လာမိတာ မှားတာပဲ"

ဒီပါနဲ့ခေတ်ဦးက ပြိုင်တူရေရွတ်ရင်း
နွေးရာ ကို လက်ဟန်ခြေဟန်နှင့်မင်းချင်း
ကို တားဖို့ပြသည်။ နွေးရာကလည်း ခေါင်းငြိမ့်လျက် ခြေဖျားထောက်ပြီး မင်းချင်း ၏ မျက်လုံးများကို လက်နှစ်
ဖက်နှင့် ကာဆီးလို့ပိတ်သည်။

ဒီပါ က ခေတ်ဦးလက်ကိုဆွဲကာ သူတို့
နှစ်ယောက်အရှေ့မှ ထွက်သွားသည်။
မင်းချင်း က စောက်တလွှဲလုပ်မှဖြင့်
ခေတ်ဦးနဲ့ရန်ထဖြစ်နိုင်သည်လေ။
သူမခေါ်လာလို့လည်း မရဘူး။

မင်းချင်းကတော့ သူ့မျက်လုံးကိုလာ
ပိတ်တဲ့နွေးရာကြောင့် ခေတ္တမျှကြောင်
သွားပြီး အခြေနေကို သဘောပေါက်ကာ
မျက်မှန်ချွတ်ပြီး နွေးရာ ပခုံးပေါ်လက်
နှစ်ဖက်တင်ကာ မျက်နှာချင်းနီးကပ်
သည်အထိ ကိုယ်ကိုကိုင်းညွန့်လာ၏။

"မောင့် ကို မကြည့်စေချင်ဘူးပေါ့"

"အင်း"

"ဒါဆို နွေးရာက ကပြမလား"

"ဘာတွေလျှောက်ပြောနေလဲ"

"ဟား...ဟား"

ခေါင်းမော့ကာ အော်ရယ်မိတော့
နွေးရာ က ရင်ဘတ်ကို ထုရိုက်လာ၏။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now