Part...2

16.1K 715 27
                                    

မင်းချင်းတစ်​ယောက်သူ့အာရုံအားလုံး
ကို ဖမ်းစားသွားသည့် ခန္ဓာအချိုးအစား
ပိုင်ရှင်မှာ သူ့ကို​ကျောပေးနေရာမှ
လှည့်လာသည်ကြောင့် မျက်စိမခွာတမ်းကြည့်နေမိရာ နေရာတွင် ပုဆိုးခမုံစ
တစ်ခုက နေရာယူလာသည်ကို တွေ့
လိုက်ရသည်။

"စောက်ကျိုးတော့နည်းပြီ"

"ကို ကိုယ့်မင်းကိုယ့်​ချင်းလားမသိဘူး
ခင်ဗျာ"

"အာ...ဟားဟား...ဟား...ဟား"

"ပဆိုးဝတ်ထားတာပဲ...ဟား
မေကြီးထဘီနဲ့တူတဲ့ အဆင်ကိုမှ
ပုဆိုး...ပုဆိုး...ဟား..."

ပုဆိုးကို လက်ညိုးထိုးကာ အော်ရယ်
နေတဲ့ ဆံဖြူကောင်လေး၏ မျက်နှာမှာ
ငိုမဲ့မဲ့ဖြစ်နေ၍ ရာပြည့် က ပြူးကြောင်
ကြောင်လေး ကြည့်နေမိ၏။

"အဟမ်း...အဟမ်း"

မင်းချင်းက အရှက်ပြေရယ်အပြီးမှာ
တော့ ကိုယ်ရှိန်သတ်ကာ ချောင်းဟန့်
လျက်သူ့ရှေ့က နွေးရာပြည့် ဆိုသူကို
ခါးထောက်လို့ ကြည့်သည်။

မျက်လုံးပေါက်ကျဥ်းကျဥ်းလေးများ
ကို အစွမ်းကုန်ပြူးကျယ်လို့ သူ့ကို
ကြည့်နေပြီး ပါးလှပ်ပြီးပန်းရောင်သန်း
နေသော ကကြီးပုံနှုတ်ခမ်းပါးလေး
မှာလည်း အနည်းငယ်ပွင့်ဟနေသေး၏။
အရပ်ကသူ့ထက်ခေါင်းတစ်လုံးကျော်စာမျှ နိမ့်​နေ၍ ဇက်မညောင်းတမ်းမော့ကြည့်နေ၏။

စတစ်ကော်လံအင်္ကျီအဖြူနှင့်ချင်း
ပုဆိုး အနီကိုတွဲဝတ်ထားပုံက
တကယ်ကို အလှူသွားမည့်ဆိုဒ်ဖြစ်
နေသည်။ အသားရေကတော့အညာ
ဒေသကလာ၍ အညိုဘက်သွားပေ
မယ့် ခင်အုံ၏ယောက်ျား၊သူ့ယောက်ဖ
တောသား ထက်ဖြူပြီး ညက်ညက်ကလေးဖြစ်နေသည်။
နဂို မျက်နှာပေါက်သေးသေးမှာ
ခပ်အုပ်အုပ်ဆံပင်ကြောင့် ပို၍သေး
သယောင်ဖြစ်နေပြီး နှာခေါင်းမှာလည်းသေးချွန်ချွန်နှင့် သူ့မျက်နှာနှင့်သူ ကြည့်ကောင်းသည့် အသွင်ကိုဆောင်နေ၏။

မင်းချင်းကတော့ သူ့ရှေ့ကပါးစပ်
အဟောင်းသားနှင့် လူကို ခြုံငုံကြည့်ပြီး တောသားထဲမှာ ဒီလူကတော်တော်လေးကြည့်ကောင်းသည် ဟု ကောက်ချက်ချလိုက်သည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now