Part...22

8.6K 425 42
                                    

အေးစိမ့်နေတဲ့ မင်းချင်းရဲ့အခန်းထဲက
ဆိုဖာမှာထိုင်ရင်း ကုတင်ပေါ်မှာ မှောက်
အိပ်နေတဲ့ ကောင်လေးကို နွေးရာ ကြည့်
နေသည်။ စိတ်ဆိုးစိတ်ကောက်ရင်
အခုလိုပဲ မှောက်အိပ်ပြီး ဘာမှပြော
မလာတာက မင်းချင်းရဲ့အကျင့်တစ်ခု
ဖြစ်တာကြောင့် သူ့မှာ ထိုင်စောင့်နေမိ၏။
ဒေါ်လေး နဲ့ ဦးကြီး ပင် ပြန်ရောက်လာ
ခဲ့ပြီ။ မင်းချင်းကတော့အခုထိချော့မရပါ။
ညလည်း နက်နေပြီ ဖြစ်တာကြောင့်
မျက်လုံးတွေလည်း မှေးဆင်းလို့ငိုက်
လာနေလေပြီ။

"မင်းချင်း"

"မောင်"

"အိပ်ပျော်နေပြီလား"

"ဟင်း...ခက်ပြီ"

နွေးရာ က သက်ပြင်းရှိုက်ရင်း ဆိုဖာမှာအသာ လှဲအိပ်ချလိုက်သည်။

မီးရောင်ဖျော့​ဖျော့အောက်မှာလူဆိုး
ကောင်လေးရဲ့မျက်တောက်တွေလှုပ်
နေတာ သူမြင်နေရသည်လေ။
သူ့အပေါ်မှာ သပ်သပ်ကို ဆိုးနေတာ။
အမှန်ဆို ရှင်းပြတာကို နားမထောင်တဲ့
အပြင် လူကို နာအောင်လုပ်တဲ့သူက
ပြန်ချော့နေရမှာ မဟုတ်ဘူးလား။
ပြန်မချော့ရင်တောင် အခုလိုကြီး သူ့ကို
ဥပေက္ခာပြုမနေသင့်ဘူးလေ။
ရင်ထဲမှာဘယ်လောက်တောင် မကောင်း
ဖြစ်နေရလည်း နည်းနည်းမှ မတွေးပေးဘူး။ ဇွတ်တရွတ်ဆန်တာ သိပေမယ့်
လည်း မဝေးရဲတဲ့သူက အရင်ချော့ရ
မြဲပဲ မဟုတ်ပါလား။

အတွေးများစွာနဲ့အတူ မှေးကျဥ်းလာတဲ့ မျက်လုံးများဟာ တဖြေး​​ဖြေးအိပ်စက်ခြင်းဆီသို့ ကူးလူးသွားခဲ့၏။ အိပ်မက်ထဲအထိ အနောက်မှ တကောက်ကောက်လိုက်ချော့နေရတာကို မစာနာတတ်တဲ့ကောင်လေးက သိမယ်မထင်ပါ။

မင်းချင်းကတော့ ငြိမ်သက်လွန်းသွားတဲ့
အခန်းကြောင့် မျက်လုံးတစ်ဖက်ကို
ဖြေးညှင်းစွာ ဖွင့်ကြည့်ရင်း နွေးရာအိပ်
ပျော်နေတာ သေချာပြီဆိုမှ ဆတ်ခနဲ
ငုတ်တုတ်ထထိုင်လာ၏။ အရမ်းအေး
နေပြီဖြစ်တဲ့အခန်းကြောင့် Ac ကိုပိတ်
လိုက်ပြီး ဆိုဖာအနားသို့ အသံတိတ်
လျှောက်သွားသည်။ ဆိုဖာရှေ့ကစားပွဲ
မှာ ဝင်ထိုင်ပြီး နွေးရာကို ကြည့်လိုက်
တော့ ပုဆိုးကို​ ခြေဖျားလုံသည်အထိ
ခြုံထားပြီး ကွေးကွေးလေးနှင့်အိပ်နေ
သည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now