Part...15

9.7K 492 29
                                    

"ချစ်တော့ရောဘာဖြစ်လဲ"

"နမ်းတော့ရော ​ဘာဖြစ်လဲ"

"ဝန်တိုတော့ရော ဘာဖြစ်လဲ"

မင်းချင်း​ပြောခဲ့သည့်စကားသံကိုကြား
ယောင်နေဆဲဖြစ်တာကြောင့် နွေးရာက
လက်နှစ်ဖက်နှင့် နားရွက်ကလေးတွေ
ကို ဖိအုပ်ထားမိ၏။ ထိုသို့ပြောကာ
ကားကို ဒုန်းစိုင်းမောင်းလျက် ​သူ့ကို
ခြံဝမှာ ချပေးခဲ့ပြီး ထွက်သွားတဲ့ကောင်လေးက ညရောက်သည်အထိ ပေါ်မလာသေးပါ။ အချိန်အားဖြင့်လည်း ကိုးနာရီကျော်နေပြီဖြစ်တာကြောင့် ပြန်မှပြန်ယလာပါ့မလား တွေးမိရင်း ကုတင်ထက်ငုတ်တုတ်ထိုင်နေမိ၏။

မင်းချင်း၏ချစ်စကားကိုသူအတည်ယူ
လို့ရပါ့မလားတွေးလျက် ခေါင်းအုံးထက်
မျက်နှာအပ်ပြီး ဖုန်းဖွင့်လိုက်တော့
ပေါ်လာသည့်မျက်နှာလေးကိုကြည့်ရင်း
ပြုံးလိုက်သည်။

အခုလိုတနယ်သားအပေါ်မှာမူမမှန်တဲ့
ခံစားချက်တွေရှိသွားလိမ့်မည်လို့
သူ့ဘဝမှာတစ်ခါမှ မတွေးခဲ့ဖူးပါ။
အခုများတော့ ခပ်ဆိုးဆိုးမြို့သားအပေါ်
မှာ မေတ္တာတွေ တနင့်တပိုးပေါ်လာတာ
များ ရိတ်သိမ်းလို့ပင် မနိုင်။

မင်းချင်း၏'ချစ်တော့ရောဘာဖြစ်လဲ'
ဆိုသည့် ရန်စောင်ဟန်အပြည့်နှင့် စကား
သံကိုကြားပြီး မျက်လွှာတွေကိုချထား
ပေမယ့်လည်း လှုပ်ခတ်နေတဲ့မျက်စံများဟာ ကြားလိုက်ရသည့်ဝန်ခံသံကို သဘောကျမိကြောင်း ညာလို့မရခဲ့ပါ။

မင်းချင်းကို အရင်းပြုပြီး အတွေးတွေ
များရင်းနဲ့ပင် နွေးရာလည်းတဖြေးဖြေး
နှင့် အိပ်မောကျသွားခဲ့သည်။
အိမ်မက်ထဲမှာတော့ မင်းချင်းကသူ့ကို
အများကြီးချစ်ကြောင်းနဲ့သူကလည်း
ခပ်ဆိုးဆိုးလေးကို အများကြီး အလို
လိုက်ကြောင်း အိပ်မက်ရှည်တစ်ခု
မက်နေခဲ့ပေမယ့် တစ်ချက်တစ်ချက်
အေးစက်သွားသည့်ခန္ဓာကြောင့်
သူ့အိပ်မက်ဟာလည်း ဟိုရောက်ဒီ
ရောက်နှင့် အစဥ်မကျခဲ့ပေ။

"အမလေး"

မနက်နိုးနိုးချင်း မျက်စိရှေ့မှာပေါ်လာ
သည့် မျက်နှာကြောင့် လန့်ဖြန့်ကာ
ငုတ်တုတ်ထထိုင်မိတော့မလိုဖြစ်သွား
ပေမယ့် မင်းချင်းကသူကိုဖက်ကာ
ပြန်လှဲအိပ်စေသည်။

မြို့ကြီးသားတွေများကြောက်စရာကောင်းပါဘိ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now