Unicode Part(8)

2.6K 115 0
                                    

"ကိုယ် ဘာဆက်လုပ်ဖို့စဥ်းစားထားလည်း"

"ဘာကိုလည်း သည်းလေးရဲ့"

"ဟိုအဖွားကြီးနဲ့ မြေဖွားတွေကိစ္စလေ"

"ဪ အဲ့ကိစ္စဘာမှမပူပါနဲ့ ကိုယ်သူတို့ဆီကရသလောက်ယူပီးရင် အဖွားကြီးရော မြေးတွေရောအကုန်မောင်းထုတ်ပစ်ဖို့စီစဥ်ပီးသားပါ"

ကျော်ဇော်လင်းက အဲ့လိုလူပါ လိုချင်တာရပီးရင်ဒီမြေးဖွားတွေကို အဝေးဆုံးတွန်းပို့ဖို့ထိစီစဥ်ထားပီးသားပါ

"ဒေါ်မေထိပ်ထားပျို ကကုမ္ပဏီဖွင့်ထားတယ်မှတ်လား သူကိုရော ကိုယ်ချုပ်ကိုင်နိုင်ပါ့မလား"
အဲ့လိုပြောဆိုပီး ရင်ခွင်ထဲဝင်လာတဲ့ ရနံ့ ဖြစ်သူကို
ကျော်ဇော်လင်းတစ်ချက်ကြည့်လိုက်ကာ

"ဟားဟားဟား ဘာလို့အဲ့လိုမိန်းမမျိုးကိုမချုပ်ကိုင်နိုင်ရမှာလည်း ကိုယ့်ညီတေဇနဲ့ယူပီးရင် အဲ့ကောင်မလည်း သူ့အမလမ်းစဥ်တိုင်းသွားရမှာဘယ်ခုတော့လွှတ်ထားပေးလိုက်အုံးမယ် ဘာလို့ဆို သူတို့ကျေးဇူးကြောင့်ပြင်ဦးလွင်ကမြေကွက်ကို ရထားပီးပီးလေ"

"ကိုယ် ကသေချာအကွက်ချစီစဥ်ထားတာဘယ်
သည်းလေးတို့ဒီထပ်ပိုပီး ချမ်းသာတော့မှာပေါ့နော်"

"ဒါပေါ့သည်းလေးရဲ့ တစ်ခုတော့ရှိတယ် ဟိုအဖွားကြီးဒါကိုမရိပ်မိဖို့တောင်အရေးကြီးတယ် အဖွားကြီးကတစ်အိမ်လုံးကိုချုပ်ကိုင်ထားတာဆိုတော့"

"ကိုယ်ရယ်အဖွားကြီးကိုရှင်းထုတ်လိုက်ရင် ကျန်တာကိုယ်ရှင်းချင်တာအသာလေး ရှင်းလို့ရပီဘယ်ဟာ"

ကျော်ဇော်လင်းထက် အကြံပိုကြီးတဲ့ သူက ရနံ့
ရနံ့ပြောသည်များကို ခေတ္တတွေဝေသွားပီးမှကောက်ကျစ်တဲ့အပြုံးတစ်ခုကို ပြုံးလိုက်ပီ
"သည်းလေးကသိပ်တော်တာဘယ်အဲ့တာကြောင့်ချစ်နေရတာ"ဟုဆိုကာ
__________________________________

အလုပ်စဆင်းတဲ့နေ့တစ်ရက်ကလွဲရင် တစ်ပတ်ပင်ပြည့်ပီ ဒေါ်မေထိပ်ထားပျိုဆိုသူနှင့် ရတု မတွေ့ရပေ သူမလည်းသူမလုပ်စရာရှိတာသူမ လုပ်သည်

"ရတုစစ် ဘောစ့်က တွေ့ချင်လို့တဲ့"

ဘုရားရေ တပတ်လုံးလုံးတော့ ဘယ်ပျောက်လို့ပျောက်နေမှန်းမသိ ခုမှဘောစ့်နဲ့တွေ့ရမည်တဲ့

Hello BossWhere stories live. Discover now