Unicode Part (32)

2.3K 130 16
                                    


"ဘာပြောတယ် ဒါဆိုဟိုကောင်‌ တွေဖမ်းမိသွားတာငါ့ပစ္စည်းတွေရောအကုန်ပါကုန်ပြီပေါ့"

"ဟုတ်တယ် ဆရာ"

"တောက် မင်းတို့ပြောတော့အစစ်အဆေးလွှတ်တယ်ဆို $သုံးမကျတဲ့ကောင်တွေ
အလကားနေရင် ငါ့ပစ္စည်းတွေကဆုံးရှုံးရပြီ
နည်းနည်းနောနောမဟုတ်ဘူးကွ သိန်း၁သောင်းဖိုးမကဘူး အနောက်ကကားရောမိသွားလား"

"ဟုတ် ဟုတ် မိသွားပါတယ်ဘောစ့်"

"ဟာ ဒီကောင်တွေ"

ဟုဆိုကာ "တိုးတက်လင်း" ကိုင်ထားသော
ဝီစကီခွက်နဲ့ နံရံကိုပစ်ပေါက်လိုက်လေသည်။

"ဘောစ့် ကျွန်တော့်တို့သေချာစုံစမ်းထားတာ
အဲ့ဘက်ကစစ်လို့ တစ်ခြားလမ်းနဲ့သွားလို့ရအောင်စီစဉ်ထားတာဒါတမင်သတင်းပေးတဲ့လူရှိလို့ ဘောစ့်"

တိုးတက်လင်း၏ညာလက်ရုံးဟုထင်ရသော
မှတ်ကြီးဆိုသူသည် ဧည့်ခန်းအတွင်းလက်အနောက်ပြစ်ကာရိုကျိုးစွာရပ်နေပြီး ဘောစ့်ဖြစ်သူအား ဖြစ်စဉ်ကိုရှင်းပြနေသည်။

"မင်းဘာ‌ကိုပြောချင်တာလည်းမှတ်ကြီး"

"ဟုတ်တယ်ဘောစ့် အဲ့အစစ်အဆေးလောက်က ကျွန်တော်တို့အသာလေးရှောင်လို့ရတဲ့ဟာကို ခုမိသွားတယ်တဲ့သွားတဲ့လမ်းကြောင်းကလည်းကျွန်တော်တို့ကလွဲရင်ဘယ်သူမှမသိတဲ့လမ်းကြောင်းဘောစ့်"

မှတ်ကြီးရဲ့ အပြောကို တိုးတက်လင်း
မျက်မှောင်ကြုံစွာစဉ်းစားလိုက်ပြီး

"ခုဖမ်းမိသွားတဲ့လူအပြင်အဖွဲ့မှာဘယ်နှစ်ယောက်ကျန်လည်း"

"စုစုပေါင်းအယောက်၅၀ယောက်ကျန်သေးတယ်ဘောစ့်"

"အဲ့လူတွေအကုန်ငါ့ဆီခေါ်လာခဲ့တစ်ယောက်မကျန်အကုန်ခေါ်လာ မသက်ာစရာတွေ့တာနဲ့ လတ်စတုံးပြစ်မယ်"

"ဟုတ်ကဲ့ ဘောစ့်ကျွန်တော်အကုန်လုံးကိုခေါ်ခဲ့ပါ့မယ်"

"နေအုံး သက္ကမာန်သတင်းရောဘာကြားသေးလည်း"

တိုးတက်လင်း ဆက်တီခုံပေါ်ခြေချိတ်ထိုင်လိုက်ပီး စီးကရက်သောက်ရန်ပြင်လိုက်သည်။မှတ်ကြီးသည် ရှေ့သို့သွားမည်ခြေလှမ်းများရပ်တန့်လိုက်ပြီ အနောက်သို့ပြန်လှည့်ကာ

Hello BossWhere stories live. Discover now