"မဇာမဏီ လူကိုနောက်ပြန်ပီ"
"ချစ်ဖို့ကောင်းလိုက်တာ ရတုက"
ဇာမဏီက ရတုမျက်နှာလေးကိုခပ်ပြုံးပြုံးကြည့်ကာဆိုသည်
"ဟုတ်ရတုသိတယ်"
"အယ်ဝင်တော့မို့လား"
"ဝင်တော့မှာ"
ရတုက ဇာမဏီကိုကျောခိုင်းရန်သွားဖို့ပြင်စဉ် ဇာမဏီလည်းအနောက်ကလိုက်လာပီ
"တို့ဆေးကျောင်းသူဘဝတုန်းကဆို ဖားတွေကို အသေးစိတ်လေ့လာရတာ အရှေ့ကဆရာမကြီးတွေကလက်တွေ့ပြတယ်လေ"
"အဲ့တာကြောင့်ရတုဆရာဝန်မလုပ်တာ"
"ဟီးဟီး Practicalခန်းထဲမှာ ဖားဖားကြီးဆိုပီး သူများရင်ခွင်ထဲရောက်နေမြှဖင့်"
"ဟာမဇာမဏီနော်"
ရတုက နှုတ်ခမ်းလေးစူကာထို့သို့ပြောတော့
"ဇာမဏီကစတာပါ ကြောက်ဖို့ခြောက်နေတာမဟုတ်ဘူး"
စကားပြောရင်းနဲ့အိမ်ထဲရောက်လာသည်
"ကြောက်တယ်မကြောက်ဖို့နေလည်းကြောက်တာပဲ ရတုအပေါ်တက်တော့မယ် မဇာမဏီလည်းဒီနေ့ခရီးပန်းလာတာနားတော့နော် သွားလိုက်ပါအုံးမယ်"
"ဟုတ်ပါပီရှင် good night ပါနော်"
"ဟုတ် good night ပါ"
ဟုဆိုကာ ထမင်းစားခန်းထဲရေဘူးဝင်ယူကာအပေါ်တက်လာတော့သည် ပျို့အခန်းလေးကိုမျက်လုံးဝှေ့ကြည့်တော့ ပျို့အခန်းတံခါးကခပ်ဟဟလေးမဟုတ်တော့ဘယ် ပိတ်ရပ်နှင့်မို့ ပျို အိပ်သွားပီးထင်သည်။ရတုလည်းကိုယ့်အခန်းကိုယ်ဝင်ရောက်လာစဉ်
"အမလေး အမလေးလန့်သွားတာဘယ်ပျိုရယ် ပျိုရတုအခန်းထဲရောက်နေတာလား"
"............"
ပျိုသည် ရတုကိုခပ်တွေတွေလေးစိုက်ကြည့်သည် ကုတင်ပေါ်ဘေးတစ်စောင်းလေးထိုင်ပီ ရတုအလာကိုစောင့်နေသည်ထင်သည် ရတုအမေးကိုဘာမှမဖြေတော့
ရတုလည်း ပျို့အနားလျှောက်သွားပီး လက်ထဲကရေဘူးလေးကိုစားပွဲပေါ်တင်လိုက်ပီးသည့်တိုင်အောင် ပျို့ဆီကဘာစကားမှ ထွက်မလာပေ ရတုလည်းထပ်မံပီးပျို့ အရှေ့ခြေစုံရပ်ပီး
YOU ARE READING
Hello Boss
Romanceမြင်သူတိုင်း လည်ပြန်ကြည့်ယူရလောက်အောင်လှရက်လွန်းတဲ့ "မေထိပ်ထားပျို" သူမဘဝမှာ ချုပ်ခြယ်မှုများစွာနဲ့ ကြီးပြင်းလာပီး ကုမ္ပဏီတစ်ခုရဲ့ CEOတစ်ယောက်ဖြစ်ကာအရာရာစည်းကမ်းတင်းကြပ်ပီး ဘယ်အရာကိုမှစိတ်တိုင်းမကျသောသူမ "ရတုစစ်" အင်ဂျင်နီယာမလေးဖြစ်သူ ရတုစစ် က လူတွေ...