Unicode Part(11)

2.5K 109 0
                                    

"ရတု ရတုရေဟဲ့ရတု "

ဒီအသံကသေချာပါသည် ဒေါ်နွေမီရဲ့ အသံပင်ဖြစ်သည် အိမ်လာတိုင်း အမြဲတကြောကြော ခေါ်ပီး အာပြဲကြီးနဲ့ဝင်လာတတ်သူ နွေမီ ကို

"အာပြဲကြီးနဲ့ အော်မနေနဲ့ ငါကဒီမှာ"

"ဪ မတွေ့လို့ အမလေး မိန်းမ မေးပါအုံးမယ်ညနေက နင့်အိမ်ထဲကမောင်းထွက်သွားတဲ့ကားကိုတွေ့လိုက်တယ် ကားကတော့အပျံစားဘယ် ဘယ်သူလာတာလည်း လျှိုမထားနဲ့နော်"

ပြောပြောဆိုဆိုဖြင့် ရတု"ဘေးကဆက်တီခုံမှာဝင်ထိုင်လိုက်လေသည် ရတု"က လက်ထဲကဖုန်းကို စားပွဲပေါ်တင်လိုက်ကာ

"မလျှိုထားပါဘူး အဲ့တာဟိုအမလေ ငါ့အလုပ်ရှင်"

"ဘယ် ဘယ်လို နင့်အလုပ်ရှင့် ဒေါ်မေထိပ်ထားပျိုလား"

"အင်း"

ခေါင်းလေးငြိမ့်ပြကာ အိတ်ထဲက ငှက်ပျော်သီးခြောက်လေး ပါးစပ်ထဲထည့်လိုက်သည်

"တည့်သွားပီလား နင်ဘယ်ပြောတော့ ကြောတယ်မောတယ်ဆို"

နွေမီက ဆက်တီခုံပေါ် လှဲအိပ်ကာ စားပွဲပေါ်က အသီးခြောက်ထုပ်ကိုလှမ်းယူလိုက်သည်

"ခင်ဖို့ကောင်းတယ် မဆိုးပါဘူး"

"နင်ကြိုက်နေတာလား"

"ဟမ် ဘာလို့ငါ့ကိုဘာကိုကြိုက်ရမှာလည်း သူကမိန်းကလေးလေ "

ရတု ပြာပြာသလဲလဲပြန်ဖြေတော့ နွေမီက ခေါင်းလေးစောင်းကြည့်ကာ

"ငါ့ကဒီတိုင်းလေး ပြောတာကို နင်ကဘာလို့အဲ့လောက်အသည်းအသန်ဖြေနေတာလည်း မဟုတ်သေးဘူး
ပါးတွေတောင် ပန်းရောင်သမ်းနေသလားလို့ "

"နွေမီနော် "

"ဟဟ စတာပါဟယ် ဇာတ်ကားအသစ်ထွက်ထားတာတူတူကြည့်မလို့ အန်တီဆီသွားလို့်က်အုံးမယ် ၇နာရီတူတူကြည့်မယ်နော် သည်းလေး"

"အင်း သွားသွား နင်ငါ့အမေသမီးဘယ်လုပ်လိုက်တော့"

"အေ လုပ်လိုက်မယ် နင့်ငါ့အမေသမီးလုပ်လိုက်ပီးရင် ငါ့အကိုကိုနင်ယူလိုက် ဟဟ"

"........................."

"ယောက်မလေးကို ငါ့အကိုကငယ်ငယ်တည်းက ဥထားတာ ခလေးလေး ခလေးလေးဆိုပီး".

Hello BossWhere stories live. Discover now