Unicode Part(12)

2.3K 108 0
                                    

"နွေမီ နင်ကားမောင်းလိုက် ငါမမောင်းချင်ဘူး"

"ဟင် ငါမောင်းရမှာပေါ့လေ နင်လိုက်စီးရဲ့လို့လား"

"အင်း"

ရတု ခေါင်းလေးတချက်သာငြိမ့်ပြပီး ကားပေါ်တက်ထိုင်လိုက်လေသည်

"တုတု နင်ရောကောင်းလား မလန်းမဆန်းနဲ့ "

"ခေါင်းသိပ်မကြည်လို့ မနက်တည်းက ခေါင်းတွေမူးနေတာ"

"ဆေးရော သောက်ထားလား"

"သောက်ဘူး"

"ကြည့် နင်ကတော့ ဆရာဝန်ကတော်လုပ်ရမှာနော်
ဆေးမကြောက်နေနဲ့"

"ကြောက်ပါဘူး မသောက်ချင်လို့"
ဟု ဆိုကာ တစ်ဖက်သို့လှည့်မည်အပြု သူမ ဖုန်းသံလေးက Ali Gatie သီဆိုထားသော It's you songလေးပျံ့နှံ့လာလေသည်

"ဟယ်လို ဘယ်သူလည်း "

ရတု ခေါင်းမကြည် တာနဲ့ ရောပီ လေသံကဘောက်ဆတ်ဆတ်ဖြစ်နေလေသည်

"အဟမ်း တို့ပါ အငိုသန်လေးရဲ့အလုပ်ရှင်"

"ဪ....ဘာကိစ္စလည်း"

"ကိုယ့်အလုပ်ရှင်က ဖုန်းဆက်တာတောင်ဘာကိစ္စလည်းတဲ့ အဟက် အဲ့တာတွေထားပါ ခု ရတု ဘယ်မှာလည်း"

"ဘာလုပ်မို့လည်း"

"တို့သိချင်လို့"

"အလုပ်ချိန်ကပီးပီးလေ ဘာကိုသိချင်တာလည်း အလုပ်ချိန်မှာတာဝန်ကျေအောင်လုပ်ပေးတယ်လေ ဒီအချိန်ကကျွန်မ ကိုယ်ပိုင်အချိန်ပါ ဒေါ်မေထိပ်ထားပျို"

ရတု ဖုန်းပြောတာကို စူးစမ်းသလိုလေးကြည့်နေတဲ့ နွေမီဘက်တစ်ချက်စောင်းငဲ့ကာ တမင်ကြားအောင်ပြောလိုက်မှ နွေမီက ဪ ဒေါ်မေထိပ်ထားပျိုလားဆိုပီး လေသံလေးနဲ့မေးတာကို မျက်လုံးလေးဘယ်မှိတ်ပြပီ ဟုတ်တယ်ဆိုသည့်အမူအယာလေးပြလိုက်လေသည်

"တို့အတွက်လိုလို့ပါ ရတုရဲ့ အိမ်မှာမဟုတ်ဘူးဆိုတာတို့သိတယ် ရတု အိမ်ကိုတို့ရောက်ခဲ့တယ် ရတုမေမေနဲ့တို့တွေ့ခဲ့တယ်"

"ဘာ ကျွန်မအိမ်ကိုရှင်ကဘာကိစ္စလာရတာလည်း"

"တို့ တနေ့လုံး မမြင်ရသေးလို့လေ အငိုသန်လေးကို"

Hello BossWhere stories live. Discover now