"အမလေး တုတုရယ် ခုမှဘယ်ဖုန်းခေါ်တော့တယ်နော်မနက်တည်းက ငါခေါ်ထားတာ"
"အေပါ သိပါတယ် ငါမမြင်လိုက်လို့"
မနက်က ကားပေါ်မှာပျိုနဲ့စကားတွေပြောရင်းနဲ့နွမေီဖုန်းဆက်တာကိုမသိလိုက်ခြင်း မသိဆိုတာထက် Silentချထားမိလို့မကြားတာဖြစ်သည်မြသပိတ်တောင်ပေါ်တက်ခါနီး ပျိုက
"ပျို မေ့သွားတယ် မြသပိတ်ဘုရားဖူးမို့ပါဆို လုံချည်မဝတ်လာမိဘူး"
"အယ် ဟုတ်သားဘယ် မတက်ရတော့ဘူးပေါ့ဒါဆို"
"အာဘယ်ဖြစ်မလည်း ဖူးသင့်ချိန်မှာဖူးရတာပေါ့ နေအုံးဟိုရှေ့မှာ အင်ကျီဆိုင်ဘယ် အဲ့မှာသွားဝယ်လိုက်မယ်"
ဟုဆိုကာ ပျိုနဲ့တူတူ အမျိုးသမီးဝတ်ဖက်ရှင်ဆိုင်ထဲကိုဝင်သွားကာ ပျိုက အဖြူရောင်ကြိုးတစ်လုံးဂါဝန်ရှည်တစ်ထည် ကိုစိတ်ကြိုက်ရွေးချယ်ပီး အပေါ်ကခပ်ပါးပါးလက်ရှည်လေးကိုဝတ်ဆင်ထားသော ပျိုရယ်ပါ
"ဒါဘယ်ယူလိုက်မယ်နော် အဝတ်လဲခန်းဘယ်နားမှာလည်း"
"ဒီဘက်မှာပါ မမ"
ရတုက ပျို ရဲ့စိတ်မြန်လက်မြန်ပုံစံကိုကြည့်ရင်းပျို အဝတ်လဲနေတုန်း ဖုန်းလေးထုတ်ကြည့်တော့ နွေမီ ဖုန်းခေါ်ထားတာ၅callလောက်ရှိသည်
တွေ့တွေ့ချင်း ပြန်ခေါ်လိုက်တော့ မယ်မင်းကြီးမကချက်ချင်းကော ဖို့ချောင်းနေတာထင်သည်"မမြင်ရအောင် သာယာနေတယ်ပေါ့ ခုဘယ်မှာလည်း"
"ပျို နဲ့တူတူရှိပါတယ်နော်"
"ငါ့ကိုသတိမရဘယ်ပျော်နေတယ်ပေါ့ ဟုတ်လား"
"မဟုတ်ပါဘူး ပျော်တော့ပျော်ပါတယ်"
"နင်ပျော်ရင်ငါလည်းပျော်ပါတယ်ဪဒါနဲ့ပြောအုံးမယ် မမဇာမဏီလေ ငါနဲ့မနေ့ကတွေ့တော့ နင့်ကိုမေးနေတယ် နင့်အိမ်ကိုသူရောက်သွားတာ နင့်ကိုမတွေ့လို့တဲ့
ခရီးထွက်သွားတယ်ပြောတယ် ဘယ်ကိုသွားတာလည်းမေးနေတယ် ဒါပေ့မယ်အဖြေကိုသူသိပီးသားထင်တယ် မေထိပ်ထားပျိုနဲ့သွားတာမှတ်လားဆိုပီး တက်အပ်ပြောနေတော့ ""အယ်"
"မဇာမဏီနဲ့မမေထိပ်ထားပျိုနဲ့ကသမီးယောင်းမတော်တယ်တဲ့သူမနေ့ကပြောမှငါသိတာ"
YOU ARE READING
Hello Boss
Romanceမြင်သူတိုင်း လည်ပြန်ကြည့်ယူရလောက်အောင်လှရက်လွန်းတဲ့ "မေထိပ်ထားပျို" သူမဘဝမှာ ချုပ်ခြယ်မှုများစွာနဲ့ ကြီးပြင်းလာပီး ကုမ္ပဏီတစ်ခုရဲ့ CEOတစ်ယောက်ဖြစ်ကာအရာရာစည်းကမ်းတင်းကြပ်ပီး ဘယ်အရာကိုမှစိတ်တိုင်းမကျသောသူမ "ရတုစစ်" အင်ဂျင်နီယာမလေးဖြစ်သူ ရတုစစ် က လူတွေ...