Unicode Part (37)

3.9K 146 32
                                    

ရုံးခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း
လက်သည်းလေးကိုက် ဖုန်းလေးခနခနထုတ်ကြည့်နေမိသူက ဒေါ်မေထိပ်ထားပျို

"ကျွတ် ဘာဖြစ်ချင်နေတာလည်းဖုန်းလည်းမကိုင်ဘူး အလုပ်လည်းမလာဘူး
နေများမကောင်းလို့လား မကောင်းရင်လည်း smsတစ်ကြောင်းလောက်တော့ပို့သင့်တယ်လေ"

ပျို့ချစ်သူလေးကိုစိတ်ပူသည်ကတစ်ကြောင်းအကြောင်းအရင်းမရှိပဲ အဆက်အသွယ်မရတာသည်က
တစ်‌‌ကြောင်း မျိုးစုံတွေးတောစိတ်ပူနေမိသည်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် ပျိုခြေလှမ်းလေးရပ်တန့်ကာ နားစွင့်မိလိုက်သည်။
ရတုများလားဆိုတဲ့အတွေးကဝင်လာလို့

"ရတုလား တို့တံခါး"

"ရတုမဟုတ်ပါဘူး ကိုယ်ပါပျို"

အခန်းတံခါးဆွဲဖွင့်ပြီး ဝင်လာသူကကိုတေဇ

"ဪ ကိုတေဇပါလား ဘာဖြစ်လို့လည်းဆိုင်းမဆင့်ဗုံမဆင့်နဲ့လာတာ"

ပျို့က ကိုတေဇလာသည်ကိုမနှစ်မြိုသည့်ပုံစံနဲ့ နှာခေါင်းရှုံ့မှေးငေါ့ကာလက်ကလေးပိုက်ကာ ကိုတေဇဆီတန်းတန်းမတ်မတ်လျှောက်သွားသည်။

"ကိုယ် ပျို့ကိုတွေ့ချင်လို့လေ
မနေ့ကပျို့အိမ်ရောက်ခဲ့တယ် ပျို့ကိုမတွေ့ဘူး ပျိုဘယ်သွားတာလည်းဟင်
အကြာကြီးစောင့်နေသေးတယ် "

"အင်း မမ ပြောပြပါရဲ့ကိုတေဇ"

"ပျို ဘာစားပြီးပြီးလဲ ကိုယ်တို့တစ်ခုခုသွားစားကြမလား ကိုယ်ဆိုင်တစ်ဆိုင်"

"တော်ပြီကိုတေဇ ပျိုအလုပ်ရှိသေးလို့ခဏနေ meeting လည်းရှိတယ်ရယ် ကိုတေဇစောင့်ရင်လည်းစောင့်မစောင့်ရင်လည်းပြန်ပေါ့ရှင် meeting ကနည်းနည်းကြာအုံးမယ်ထင်တယ်"

ပျို့ရဲ့အဆက်မပြတ်ပြောသည့်စကားကို
တေဇတစ်ချက်နားထောင်ကာ တွေဝေသွားသည်။သူသည်လည်း ပျို့ကိုတွေ့ချင်လွန်းလို့သာလာခဲ့ရသည်။သိပ်အားလှသည်မဟုတ်
နိုင်ငံခြားပါတနာတွေနဲ့တွေ့ဖို့ရှိနေသည်လေ
ပျို့ကိုမတွေ့ရပဲနဲ့တော့ ဒီရုံးခန်းထဲထိုင်စောင့်နေလျှင် အချိန်ပုပ်သည်။

Hello BossWhere stories live. Discover now