Zawgyi Part(15)

184 8 0
                                    

"မေမေ"

ရတု ဘေစင်မှာပန်းကန်များဆေးကြောပီ မိခင်ဖြစ်သူကိုခေါ်လိုက်လေသည်

"ပြောလေသမီး"

မေမေက ရတု ထမင်းချိုင့်ထဲ ဟင်းများခပ်ထည့်ရင်း
မေးငေါ့ပြလေသည် ဘယ်ကနေစပြောရမှန်းမသိတော့တည့်တိုးဘယ်ပြောလိုက်လေသည်

"ရတု အလုပ်ကိစ္စနဲ့ခရီးထွက်ရမယ် မေမေ"

"ဟင် သမီးလေးဘယ်အဲ့လိုခရီးထွက်ရတိုင်းငြင်းလွှတ်နေကြလေ ခုကုမ္ပဏီအသစ်ကျမှ သွားမယ်တဲ့လား"

"မဟုတ်ပါဘူး မေမေ ခုဟာကမဖြစ်မနေသွားရမယ့်ခရီးလည်းဖြစ်နေတော့ ရတု အလုပ်စဆင်းတာလည်းမကြာသေးဘူးလေ အဲ့တာ"

"ဘယ်လောက်ကြာမှာလည်းသမီးလေး"

"နှစ်ပတ်လောက်တဲ့"

"ဟင်ဗုဒ္ဓေါ နှစ်ပတ်ကြီးများတောင်သမီးရယ်"

"နှစ်ပတ်ပြည့်ချင်မှလည်းပြည့်မှာပါ မေမေ သမီးအလုပ်ရှင်ဘောစ့်လေ သူနဲ့တူတူသွားမှာမေမေတွေ့ဖူးတယ်မှတ်လား"

မေမေနဲ့ ပျိုနဲ့ အတိအကျပြောရရင် တစ်ခါလောက်ဆုံဖူးမည်ထင်သည်

"သမီး ဘောစ့်က ငယ်ငယ်လေးနော် သမီးတို့မိန်းကလေးနှစ်ယောက်တည်းအဆင်ပြေပါ့မလား"

"ပြေမှာပါ မေမေ ပျို ပါနေတာဘယ်ဟာ"

ရတု ပါးစပ်ကနေ ယောင်ပီးပျို" ဆိုသည့်နာမ်စားအားထွက်သွားလေသည် မေမေက ရတု စကားကိုကြားတော့

"ပျို ပျိုဆိုတာက သမီးအလုပ်ရှင်
မေထိပ်ထားပျိုကိုပြောတာလား"

"အင် အယ် ဟုတ် ဟုတ်တယ်မေမေ ဒေါ်မေထိပ်ထားပျိုကိုပြောတာ"

"သမီးနဲ့အဲ့မိန်းက‌လေးနဲ့ကအဲ့လောက်ရင်းနှီးနေပီလား ပထမတစ်ခေါက်လာရှာတုန်းကလည်း တွေ့တာတော့ မှုန်နေတာဘယ်ချောတာသမီးကစဝင်တာလည်းမကြာသေးဘူး အဲ့လောက်ရင်းနှီးတယ် ငါ့သမီးလေး ဘောစ့်ကစိတ်ရင်းကောင်းသားကွယ်"

"ဟီး ဟုတ် မေမေခွင့်ပြုလားဟင်"

"မေမေခွင့်မပြုလည်းသမီးလေးက ဆုံးဖြတ်ချက်ချပီးပီးမဟုတ်လားလေ ပီးတော့ မေမေ့သမီးကကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ပါတယ် ဒါပေ့မယ်နှစ်ပတ်ကြီးဆိုတော့"

Hello BossWhere stories live. Discover now