Zawgyi Part(9)

193 9 0
                                    

"အ​​​ရှေ့မှာထိုင်လေ တို့က ဒရိုင်ဘာမှမဟုတ်တာ"

ရတုက ကားအနောက်ခုံမှာ ထိုင်မယ်လုပ်တော့
ဒေါ်မေထိပ်ထားပျိုက လက်ကလေးပိုက်ပီး ပြုံးကာပြောတော့ ရတု လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးတချက်ငြိတ်ပြလိုက်သည် ဒေါ်မေထိပ်ထားပျိုက ကားပေါ်တက်ပီ ကားပါကင်ထဲကထွက်ကာ ကားကိုဂရုတစိုက်မောင်းလာရင်းနဲ့မှ

"ဘာစားခဲ့လည်း အငိုသန်လေး"

အငိုသန်လေးလို့မခေါ်ပါနဲ့ဆို ထပ်ခါထပ်ခါနှုတ်ကမချဘယ် ခေါ်နေတော့ ရတု"  ထိုအမျိုးသမီးကိုခပ်စိမ်းစိမ်းကြည့်ပီး

"စားခဲ့ပါတယ်"
ဟု ပြောပီး ဘေးဘက်ကိုပြန်လှည့်နေတော့

"ဘာစားခဲ့လည်းဆိုတာသိချင်တာ အငိုသန်လေးရဲ့"
ရတု ဒီတစ်ခါတော့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး ထိုအမျိုးသမီးဘက်လှည့်ကာ

"ဘောစ့် ကျွန်မကိုအဲ့လိုမခေါ်လို့မရဘူးလား မကြိုက်ဘူးရှင့်"

"တို့ကြိုက်တယ်လေ"

ထို့သို့ပြောပီး ရယ်လိုက်ကာ
Bluetoothဖွင့်ရန် လက်ကလေးလှမ်းလိုက်တော့
ထိုအမျိုးသမီးရဲ့ လက်ချောင်းလေးတွေက လှလိုက်တာကွယ် မထိရက်မကိုင်ရက်စရာလေး လက်ချောင်းသွယ်သွယ်လေးမှာ လက်ညိုးနဲ့လက်ခလယ်မှာဖန်စီ လက်စွပ်တစ်ကွင်းစီ ဝတ်ထားတဲ့ အခါ နူးနူးညံ့ညံ့လေး
ဖွင့်လိုက်တဲ့ သီချင်းလေးက ခင်မောင်တိုးရဲ့ ဝတ်မှုံ" သီချင်းလေး 

"မိုးကောင်းကင် ကြည်ပြာအောက်မှာ

ကောင်းခြင်းတွေပေါင်းစုစည်းကာ သူထက်

ပိုကဲလှသူ ရှိတော့ဖြစ်ရှိလိမ့်မည်

အေးမြတဲ့အပြုံး ပိုင်ရှင်ရယ်

တောင်းဆုတြွေပည့်ဝခဲ့သူ

နူးညံ့တဲ့ နှလုံးသားနဲ့အတူ

စွဲမက်ဖွဲ့စကားနဲ့ဆင့်ကာ

အတုယှဉ်ပြိုင် လာလို့နှိုင်းရင်ရှုံးကြမှာပဲ

ရင်ထဲရှိ ရှိသမျှပြောပြရင် တကယ်လှတယ်"

ဒီအမျိုးသမီးက ဒီလိုနူးနူးညံ့ညံ့လေးပါလား ဒီလိုသီချင်းလေးတွေ နားထောင်တတ်တာဘယ်လား သီချင်းလေး
အမြဲဖွင့်နားထောင်တဲ့ ဒေါ်မေထိပ်ထားပျိုက တကယ်တော့ သီချင်းလေးတွေနဲ့ အလိုက်ဖက်ဆုံးပါဘယ် သီချင်းနားထောင်တတ်တဲ့အမူအကျင့်ရှိသူတွေက စိတ်သဘောထားနူးညံ့တယ်ဟု ရတုကြားဖူးသည်
ရတု"မသိမသာလေးခိုးကြည့်နေရင်း
ရုတ်တရတ် သူမဘက်လှည့်လာတဲ့ မျက်ဝန်းတစ်စုံနဲ့စုံတော့ ပြုံးပြလိုက်တဲ့ အပြုံးလေးနဲ့ ဆုံတော့ သူခိုးလူမိဖြစ်ရပြန်ပါပီ

Hello BossWhere stories live. Discover now