Unicode Part(31)

2.4K 118 27
                                    


"ဖြူစင်မေ" အထွေထွေရောဂါကုဆေးခန်း

"ဒေါက်တာ‌ဒေါ်ဇာမဏီ(M.B.B.S)

"ဒေါက်တာ‌ဒေါ်ဆည်းလည်းသံစဉ်(M.B.B.S)

"ဒါ မဇာမဏီထိုင်တဲ့ဆေးခန်းလားငါ့အလုပ်နဲ့နီးသားဟ"

"အေလေ မသိဘူးလား ပြီးတော့မဇာမဏီသူငယ်ချင်းနဲ့စပ်တူဖွင့်ထားတာဆေးခန်းလေ"

"ဟုတ်လား နင်တော်တော်စုံစမ်းထားတာဘဲ
အိမ်ပါသိပြီးလို့မပြောနဲ့နော်"

"ဟီးဟီး ဘယ်ရမလည်းငါ‌ သေချာစုံစမ်းထားတာပေါ့ ဇာမဏီလေးကမောင်နှမသုံးယောက် မဇာမဏီကအငယ်ဆုံး အထက်မှာ
အကိုနှစ်ယောက် မိဘတွေကမရှိကြတော့ဘူး"

ရတုနဲ့နွေမီ ကားပေါ်ကမဆင်းဘဲ ဘေးတွင်မြင်နေရသော "ဖြူစင်မေ"ဆိုသောဆေးကုခန်းလေးကိုကြည့်ကာ စကားပြောနေကြသည်။

"နင်တကယ်ကြီးလား မဇာမဏီကို"

"ဟ တကယ်ပေါ့ အဲ့တာကြောင့်အပင်ပန်းခံထားတာဟီးဟီး"

"အထဲဝင်သင့်တယ်မထင်ဘူးလား"

"အင်း ဝင်မယ်ဒါပေ့မယ် ဘလိုင်းကြီးဝင်ရအောင်ကအဲ့လောက်သိတဲ့လူမဟုတ်တော့"

"နင် တစ်ခုခုဖြစ်ချင်ယောင်ဆောင်လိုက်ရင်ရော"

"ဟင် ဟာ တော်လိုက်တာနင့်ခေါင်းကဒီလိုနေရာမှာလည်းအသုံးချလို့ရသား"

နွေမီ လက်ဖြောက်လေးတီးကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေသောအမူအယာကို ရတုငေးစိုက်ကြည့်နေသည်။

"သွားကြမယ်လေ"

"နေအုံး နွေမီ နင်ဗိုက်အောင့်နေသလိုဟန်ဆောင်ပီပီပြင်ပြင်နော်"

"အင်းပါကျွမ်းပါတယ် ဟီးဟီး ဇာမဏီလေးနဲ့တွေ့ရတော့မယ်"

_______________________________

ဆေးခန်းထဲရောက်တော့ ထိုင်စောင့်နေသော လူနာ‌တွေကခပ်များများရယ် ဆေးခန်းဖွဲ့စည်းပုံသည် ဝင်ဝင်ချင်းညာဘက်ခြမ်းမှာလူနာများစောင့်ဆိုင်းရန် စတီးခုံတန်းရှည်လေးများသုံးတန်းထားရှိပြီးထိုအ‌‌ရှေ့တည့်တည့်တွင် သူနာပြုလေးနှစ်ယောက်ကလူနာတုံကင်နံပါတ်ခေါ်နေသည်။ထိုကောင်တာဘေး မှန်များဖြင့်ကာထားသောအခန်းလေးတွင် မဇာမဏီသည် လူနာကိုလိုအပ်သောဆေးများပေးပြီး နူးညံ့သိမ့်မွေ့သောဟန်
ဖြင့် ဖော်ရွေစွာပြုံးရယ်စကားပြောနေသော
မြင်ကွင်းသည် အရမ်းကြည့်ကောင်းလှသည်။ရတုနှင့်နွေမီသည် မတ်တပ်ရပ်အနေအထားဖြင့် နွေမီသည် မှန်ထဲမဇာမဏီကိုငေးစိုက်ကြည့်နေသည်။ရတုသတိပေးမှ

Hello BossWhere stories live. Discover now