Unicode Part(13)

2.2K 107 2
                                    

ဒီဆူညံသံတွေရဲ့အဝေးကို ရတု"ပြေးထွက်လိုက်ချင်သည် အပြင်ကဂီတကဆူညံတာကတစ်မျိုး စိတ်တွေကျဥ်းကြပ်တာကတစ်မျိုးမို့ ရတု"နေရခက်လှသည်
သူငယ်ချင်းမနွေမီ"ကတော့ ပျော်နေသည်ထင် သူမကိုလာပီသူငယ်ချင်းဖွဲ့တဲ့ ကောင်မလေးတွေနောက်ပါသွားပီအပြတ်အသတ်ကို ကခုန်နေကြလေသည် Birthday cakeခွဲပီးတာနဲ့ ဆူညံစွာကခုန်နေကြတဲ့ အရောင်အသွေးစုံလင်တဲ့ မိန်းကလေးယောကျ်ားလေးများကို မမှိတ်မသုန်လေးကြည့်ပီအအေးလေးစုပ်သောက်ကာသူမတစ်ယောက်တည်းထိုင်နေလေသည်

"ဟေ့ သွားမကဘူးလားပျင်းရင်အဖော်လုပ်ပေးရမလား"

ရတု အနားရောက်လာတဲ့ ကောင်လေးတစ်ယောက်လူကြည့်တော့ ၁၉နှစ်လောက်ဘယ်ရှိမည်ထင် ခေါ်လိုက်တဲ့ပုံစုံက မခန့်လေးစားပုံမို့ မသိချင်ယောင်ဆောင်နေလိုက်သည် ဒါကို ဒီကောင်လေးက

"ပြောနေတယ်လေ သွားကရအောင် အစတည်းကကြည့်နေတာ မင်းကတော်တော်လှတယ်နော် နာမည်လေးပြောပြပါလား ဖုန်းနံပါတ်လေးရော"
ထိုကောင်လေးက မတ်တပ်ရပ်အနေအထားဖြင့်စားပွဲပေါ်လက်နှစ်ချောင်းထောက်ကာ ရတု"အနားမခွာ ဘယ်ဒီထက်ပိုတိုးကပ်လာဖို့ကြံစဥ်

"ဒီမှာ ချာတိတ် တို့ကမင်းတွေ့ဖူးတဲ့အတန်းစားထဲကမဟုတ်ဘူးနော် အေးဆေးဘယ်နေချင်တယ် ကိုယ့်ဘာသာအေးဆေးနေပါရစေ"

"ကြိုက်လိုက်တာကွာမျက်မှန်လေးချစ်စရာကောင်းလိုက်တာနဲ့ဒီပွဲမှာ မင်းကိုဘယ် ကိုယ်ကမျက်စိကျနေပီ လာကွာ သွားကရအောင်"

ရတု လက်ကိုပိုင်စိုးပိုင်နက် ကိုင်ဆွဲလိုက်လေသည်ထိုစဥ် ရတု လက်ကို အနောက်ကပြန်ဆွဲထားလိုက်တဲ့အထိအတွေ့

"ဖြန်း"

"ဟာ ဟိုမှာ"

"ပျို "

"ဒီမှာကောင်လေး မင်းသူကိုမျက်လုံးနဲ့ကြည့်တာတောင်လွန်နေပီ မင်းကသူ့ကိုလက်ပါကိုင်တော့ တို့လည်းလက်ပါလိုက်တာနော်"

"တောက် ခင်ဗျားကဘာမို့လည်း"

"တို့အပိုင်မို့လေ အဲ့တာကြောင့်လက်ဖျားနဲ့မပြောနဲ့ မျက်လုံးနဲ့တောင်မကြည့်နဲ့ "

Hello BossWhere stories live. Discover now