Unicode Part (34)

3.2K 133 23
                                    


"ရောင်စဉ် ညဉ်းညီမဘယ်သွားတာလည်း"

ရောင်စဉ် ခြံထဲကအပင်တွေခြား ရှုပ်နေသောအပင်တွေကိုဟိုနားညှပ်ဒီနားညှပ်လုပ်နေစဉ်
အနောက်နားကထွက်ပေါ်လာသော အသံသည် တစ်မိုးအောက်မှာနှစ်ယောက်မရှိသော
ဖွားဖွားအသံပင်ဖြစ်သည်။

"‌company သွားတယ်ဖွားဖွား"

"ဘယ်သူခွင့်ပြုချက်နဲ့သူကသွားရတာလည်း
ရှမ်းပြည်ကတင်ပို့တဲ့ကုန်ကြမ်းတွေတောင်ရောက်နေပြီ။ ဒီလအော်ဒါတွေကအရမ်းများတယ်။အလုပ်သမားတွေကိုအချိန်ပိုခေါ်မယ့်ကိစ္စကို သူခုထိHRတွေကိုမပြောသေးဘူးထင်တယ် ဖုန်းဆက်စမ်း ခုချက်ချင်းလာခိုင်းလိုက်။သူ company မဖြစ်စလောက်လေးကိုဘာမက်မောစရာရှိတာကျနေရော"

ဖွားဖွားအပြောကြောင့် ရောင်စဉ် မျက်နှာကွက်ခနဲပျက်သွားသည်ကိုဖွားဖွားတစ်ယောက်မြင်မည်မထင်။

"ဟဲ့ ငါပြောနေတာကြားလား ညဉ်းလည်းတစ်နေ့တစ်နေ့ ဒီအရေးမပါတဲ့အရာတွေလည်းအလုပ်ရှုပ်နေတယ် သွားခုချက်ချင်းသွားဆက်"

"ရောင်စဉ် မဆက်ချင်ဘူး ဖွားဖွား"

"ဘာ ဘာရောင်စဉ် ညဉ်းအဲ့လေသံနဲ့ပြန်ပြောဖူးလို့လည်း ဟမ်"

ဖွားဖွားသည်အရမ်းဒေါသထွက်နေသည်ထင်
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း
မျက်နှာသည် မာကြောခက်ထန်နေသည်။

"ဖွားဖွားကိုရောင်စဉ်ပြန်ပြောနေတာမဟုတ်ပါဘူး ပျိုလည်းငယ်တော့တာမဟုတ်ဘူး
သူ့ဝါသနာ သူ့ပညာနဲ့ တည်ဆောက်ထားတဲ့
Company ပါ။ပြီးတော့ ဖွားဖွားစိတ်တိုင်းကျ
သထုံကိုလည်းသွားခဲ့ပေးတယ်၊ပြန်လာတော့လည်းဒီဘက်ကအလုပ်တွေကို မအားလပ်အောင်လုပ်ပေးနေရတယ်၊ခုသူ့company
သူလိုအပ်လို့သွားတာပါ နားလည်ပေးစေချင်တယ်"

"ဘာ ရောင်စဉ် နင်ကအဲ့လေသံနဲ့တစ်သက်လုံးကျွေးမွေးလာတဲ့ ငါ့ကိုပြန်ပြောနေတာ
နင့်ညီမကိုအရမ်းကာကွယ်ချင်နေတယ်ပေါ့"

"ရောင်စဉ်တစ်ခါမှ ဖွားဖွားကိုပြန်လည်းမအော်ဖူးသလို အကုန်ငြိမ်ခံပေးခဲ့ပါတယ်
ရောင်စဉ် ညီမလေးပျိုကိုတော့အတင်းဖိအားမပေးပါနဲ့တော့ ရောင်စဉ်တစ်ယောက်နဲ့တင်ဖွားဖွားမလုံလောက်သေးဘူးလား".

Hello BossWhere stories live. Discover now