Unicode Part(5)

2.8K 130 0
                                    

ညက မိုးရွာထားတဲ့အရှိန်ကြောင့် မနက်ခင်းမှာချမ်းစိမ့်စိမ့်လေးဖြစ်နေသည်။ အဲ့လိုအေးစက်စက်ဖြစ်နေတဲ့အရသာကိုသူမသဘောကျလှသည် "ရတု" သွားထက်ဖွေးဖွေးလေးပေါ်အောင် ရယ်လိုက်ပီး အပျင်းကြောဆန့်လိုက်ကာ ပြတင်းပေါက်ခန်းဆီးလေးကိုဖွင့်
လိုက်ပီး မနေ့ကရွာထားတဲ့မိုးက သူ မဟုတ်သလိုပေ လှလိုက်တဲ့ မနက်ခင်းလေး တချက်ချက်ရလာတဲ့မြေသင်းနံ့လေးကိုရှုရှိုက်ရင်း သူမစိတ်ကိုလုံးဝခွန်အားပေးတဲ့မနက်ခင်းလေးတစ်ခုလိုပါဘယ်လားအလုပ်ထုတ်ခံထားရတဲ့အရှိန်ကြောင့် တစ်ပတ်လုံးလုံး ဘယ်မှာမသွားဘယ် အိမ်မှာဘယ်ဟိုလုပ်ဒီလုပ်ဖြင့်အချိန်ကုန်နေလိုက်သည်အလုပ်လည်းမလျှောက်ဖြစ်သေး မေမေကတော့ သူမစိတ်မကောင်းဖြစ်မှာစိုး၍လားမသိ အလုပ်ထုတ်ခံရလိုက်ရတာနဲ့ပက်သပ်ပီးဘာတစ်ခွန်းမှ မဟ အဲ့တော့ ရတု"ပိုစိတ်မကောင်းဖြစ်မိသည်။

ရတု ၇တန်းလောက်တည်းက ဖေဖေကဆုံးသွားတော့ မေမေတစ်ယောက်တည်း ရှိတဲ့ ရွှေစငွေစလေးကိုထုခွဲရောင်းချပီး ဈေးထဲမှာ အထည်ဆိုင်လေးဖွင့်ထားလေသည်။ အစကဆိုင်ခန်းကျဥ်းကျဥ်းလေးမှာ ဟိုနည်းနည်းဒီနည်းနည်းလေး ရောင်းချကာ အမြတ်ကလေးတွေစုရင်းစုရင်းနဲ့ ခု မေ့မေ့ဆိုင်ခန်းတွေ ၅ခန်းလောက်ကိုမေမေတစ်ယောက်တည်း ဦးစီးနိုင်ခဲ့လေသည်
ရတု တို့က တစ်ထပ်တိုက်ပုလေးနဲ့ ပိုက်ဆံရှိတဲ့အထဲပါလေသည်။
"သမီးလေး နိုးပီးလား "
မေမေက တံခါးခေါက်ပီးမေးတော့
"ဟုတ် မေမေ ဝင်ခဲ့လေ ရတုနိုးနေပါပီ"
မေမေက အခန်းထဲဝင်လာကာ
"မေမေ မိတ်ဆွေအိမ်မှာအိမ်သစ်တက်အလှူရှိတယ် ဒီနေ့မေမေသွားရမှာ သမီးလေးပါလိုက်ခဲ့ပါလား "
အလုပ်ထုတ်ခံလိုက်ရတည်းကအခန်းထဲနဲ့မီးဖိုချောင်မှာဘယ်နေပီးအချိန်ကုန်နေတဲ့ သမီးလေးကိုစိတ်ပြေလက်ပျောက် ဖြစ်စေချင်၍ခေါ်ချင်သာ ဒီဇီဇာကြောင်မလေးကဘာပြောမလည်းမသိ
"မေမေရယ် အဲ့လိုပွဲတွေ ရတုသွားရတာမကြိုက်တာ မေမေသိသားနဲ့ မေမေက သွားတော့ရော ဆိုင်ကဘယ်လိုလုပ်မလည်း ရတု သွားစောင့်လိုက်မယ်လေ မေမေသွားလိုက်"

ဒေါ်ထက်ထက်ခိုင် ဘုရားတရမည်ဖြစ်ခြင်း သူမရဲ့သမီးလေးသာ ဆိုင်ထိုင်ရင်တော့ သူမရဲ့ဖောက်သည်တွေတောင်တခြားဆိုင်ရောက်ကုန်မှာသေချာသည် မျက်မှောင်ကြီးကြုတ် ဘုကန့်လန့်နဲ့ ပြောဆိုတတ်တဲ့ သမီးဖြစ်သူအကြောင်းသိသူပီပီ

Hello BossWhere stories live. Discover now