Zawgyi Part(7)

185 9 0
                                    


"မေထိပ်ထားပျို ဒီကိုခဏလာပါအုံး"

ပျို့ နာမည်ကိုအပြည့်အစုံခေါ်တဲ့လူဆိုလို့ ဒီအိမ်မှာ
ဖွားဖွားက လွဲရင် ဘယ်သူရှိပါ့အုံးမလည်းဟုတွေးကာ
အိမ်ပေါ်တက်ရန် ခြေလှမ်းကိုရပ်လိုက်ပီး ဧည့်ခန်းထဲက ဖွားဖွားဆီ သွားလိုက်သည်

"ထိုင်လေ ဘာရပ်လုပ်နေတာလည်း"

"ဟုတ် ဖွားဖွား"

ဟုပြောပီး ဆက်တီခုံမှာ ဝင်ထိုင်လိုက်လေသည်

"ဒီမှာ ညည်းအမေ ထားခဲ့တဲ့ ပြင်ဦးလွင်က မြေကွက်ကို နင့်ခဲအိုနာမည်နဲ့စာချုပ်ချုပ်မယ့်ကိစ္စ"ဟုပြောဆိုက ဆက်တီခုံပေါ် ပြစ်တင်လိုက်တဲ့ ဖိုင်တွဲ

"ဘယ်လို ဖွားဖွား"

"ပြင်ဦးလွင်ကမြေကွက် အဲ့မြေကွက်ကိုပျိုတို့မောင်နှမနာမည်နဲ့ချုပ်ပီးသားစာချုပ်တွေလေ ခဲအိုနဲ့ ဘာဆိုင်"

"ညည်းမရှည်ပါနဲ့ အဲ့ပြင်ဦးလွင်ကမြေကွက်ကို ညည်းခဲအိုကိုပေးလိုက် သူအဲ့မှာစီးပွားရေးလုပ်လိမ့်မယ်ညည်းမမနဲ့ညည်းကို သူတစ်သက်လုံးတင်ကျွေးထားနိုင်တယ်ပီးတော့ ညည်းကိုကိုလည်းရှိတော့တာမဟုတ်ဘူး ညည်းလည်း မောင်တေဇလည်း ယူပီးရင် အဲ့မြေကွက်ကဘာအသုံးဝင်မှာလည်း ပေးလိုက်စမ်းပါ မေထိပ်ထားပျိုရယ် ညည်း အမတောင် လက်မှတ်ထိုးပီးပီ ညည်းငြင်းနေလည်းအပိုဘယ်"

ဘုရားရေ ဖွားဖွားက အတ္တြကီးလိုက်တာနော် ပျို့ မေမေ ကပျို့တို့မောင်နှမတွေအတွက် ထားခဲ့တဲ့အမွေဆိုင်အိမ်ကိုတောင် ဘာမှသွေးမတော်သားမစပ်တဲ့လူကိုပေးစရာလား ​မမကရော ဘာကိစ္စလက်မှတ်ထိုးလိုက်ရတာလည်း
မမကိုဖွားဖွားက ဘာတွေခြိမ်းခြောက်ပီး ဒီမြေကွက်ကိုဟိုလူ့ဆီဘာကိစ္စပေးခိုင်းရတာလည်း

"ဟဲ့ ဘာတွေငိုင်နေတာလည်း ထိုးလိုက်လေ"
ပျို မျက်ရည်များမကျမိအောင်ထိန်းထားပါသော်လည်း

"ပျို ဒီကိစ္စကို လက်မခံနိုင်ဘူး ဖွားဖွား ဘာကိစ္စ သွေးမတော်သားမစပ်တဲ့လူကို"

"ဖြန်း......"

"နင့်ပါးစပ်ကိုပိတ်ပီး ဒီစာချုပ်မှာလက်မှတ်ထိုးလိုက် နင်ဒီမှာလက်မှတ်မထိုးချင်ရင် မောင်တေဇနဲ့ချက်ချင်းလက်ထပ်ရမယ်မှတ်"

Hello BossWhere stories live. Discover now