"ရတု ဘာဆက်လုပ်ဖို့စဉ်းစားထားလည်း"
နွေမီ က ရတုရဲ့ လက်ဖမိုးလေးကိုဆုပ်ကိုင်ကာမေးလေတော့ရတု"သက်ပြင်းလေးချကာ"ရတုလည်း မသိတော့ပါဘူး နွေမီရယ်"
"ငါတို့ ကုမ္ပဏီမှာ လျှောက်ကြည့်ပါလားဟင်"
"တော်ပါပီ နွေမီရယ် နင်တို့ကုမ္ပဏီက လူလည်းမလိုဘယ်နဲ့ ငါ့ကြောင့်နဲ့စကားတင်ခံပီးတော့ ပြောမနေပါနဲ့"
"လူကလိုတော့မလိုဘူးပေါ့ ဒါပေ့မယ် နင့်အတွက်ဆိုငါပြောပေးမှာပေါ့"
"ကျေးဇူးပါဘယ် နွေမီရယ်"
"ဪဒါနဲ့ စောနကတွေ့တဲ့ ကောင်မလေးကဘယ်သူလည်း"
"ကောင်မလေးမဟုတ်လောက်ပါဘူး ငါတို့ထက်အသက်ပိုကြီးမယ်ထင်မယ်"
"အေအေ အမကြီး အဲ့အမကြီးနင်နဲ့သိတာလား"
"မသိဘူးရယ်"
ရတု ရှုပ်ထွေးနေတဲ့စိတ်လေး ရုတ်ချည်းပျောက်ကွယ်သွားပြန်သည် စောနကတွေခဲ့တဲ့ အမျိုးသမီးလေးအကြောင်းခေါင်းထဲဝင်လာခဲ့လေသည်
"လှတာတော့အတော်လေးလှတယ်နော်"
"............"
"ဘယ်လိုဆက်စပ်ပီး စကားပြောဖြစ်ကြတာလည်းဟင်"
"............"
"အယ် ရတု ရတု ငုတ်တုတ်မေ့သွားတာလား"
ရတု ခွက်ထဲကအချိုရည်တွေကိုပိုက်လေးနဲ့ ထိုးမွှေနေရင်း စောနက တွေ့ခဲ့တဲ့ အမျိုးသမီးအကြောင်းပြန်လည်တွေးတောနေမိလေသည် သူမရဲ့ အပြုံးလေးက တော်တော်လေး ကြည့်ကောင်းလိုက်တာ"ဒေါ်ရတုစစ်ရေ..."
"ဆောရီးပါဟယ် အတွေးလွန်သွားတာ"
"အေပါ အေပါ အလုပ်ထုတ်ခံလိုက်ရတာကိုစိတ်ထဲတွေးပီးဝမ်းမနည်းနေနဲ့တော့ ပီးခဲ့တာလည်းပီးပီးမို့လို့"
နွေမီရဲ့အပြောကြောင့် ရတု"နွေမီကိုကြောင်တောင်တောင်လေးဖြင့်ကြည့်လိုက်မိသည် သူမစိတ်ထဲအလုပ်ထုတ်ခံလိုက်ရတာကိုတွေးမနေဘယ် ထိုအမျိုးသမီးရဲ့ အပြုံးတွေကို ဘာလို့မြင်ယောင်ပီးသဘောကျနေမိတာလည်း သူမကိုယ်တိုင်တောင်မသိတော့ပါ နွေမီရဲ့အပြောကို ဖောရှော လိုက်ပီ
YOU ARE READING
Hello Boss
Romanceမြင်သူတိုင်း လည်ပြန်ကြည့်ယူရလောက်အောင်လှရက်လွန်းတဲ့ "မေထိပ်ထားပျို" သူမဘဝမှာ ချုပ်ခြယ်မှုများစွာနဲ့ ကြီးပြင်းလာပီး ကုမ္ပဏီတစ်ခုရဲ့ CEOတစ်ယောက်ဖြစ်ကာအရာရာစည်းကမ်းတင်းကြပ်ပီး ဘယ်အရာကိုမှစိတ်တိုင်းမကျသောသူမ "ရတုစစ်" အင်ဂျင်နီယာမလေးဖြစ်သူ ရတုစစ် က လူတွေ...