Unicode Part(36)

4.7K 155 26
                                    


"မေမေး မေမေး မေမေးလို့"

နွေမီ မေမေ့လက်မောင်းလေးကိုခပ်ကြမ်းကြမ်းဆွဲလှုပ်ပီး ချွဲနေတော့သည်။

"ဟဲ့ ဘာဖြစ်နေတာတုန်းလို့"

ဒေါ်မီမီသည် တီဗီကိုအာရုံစိုက်ကြည့်နေစဉ်
သမီးဖြစ်သူကဘေးနားကနေ တကြော်ကြော်ညှော်နေတော့သည့်အခါ စိတ်မရှည်ဘဲဘုကြည့်ကြည့်ပီး အော်ပေးလိုက်သည်။

"မေမေ နွေ့မီကို မိန်းမတောင်းပေးနွေမီမိန်းမလိုချင်တယ်"

"ဟေ"

"ဟ"

"အမလေး"

မေ့မေ့ရဲ့အသံနှင့်တူတူ အနောက်နားကဖေဖေနဲ့ကိုကိုသည် ဧည့်ခန်းထဲဝင်လာစဉ် နွေမီရဲ့အပြောကြောင့် အာမေဍိတ်သံများပြိုင်တူထွက်ကုန်ကြသည်။
ဖေဖေနဲ့ကိုကို သည် ခြေလှမ်းများရပ်တန့်ပီးနွေမီကိုကြောင်ကြည့်နေကြသည်။ပီးတော့ဘာမှမထူးဆန်းသလိုနှင့် ကိုကိုကအာလူးကြော်ထုပ်လေးထဲကအာလူးဖက်ကိုပါးစပ်ထဲထည့်ရင်းအခန်းထဲဝင်လာသည်။ဖေဖေကတော့

"မိန်းမရေ မောင်စားဖို့တစ်ခုခုလုပ်ပေးပါအုံး"

ဟုဆိုကာမေ့မေ့နားဝင်ထိုင်လိုက်သည်။နွေမီကိုတစ်ယောက်မှအဖက်မလုပ်ကြပေ။

"နွေမီ တကယ်ပြောနေတာလို့ မိန်းမတောင်းပေး မိန်းမတောင်းပေးလို့ နွေမီကိုအဖက်လုပ်ကြပါအုံး"

"ဟဲ့ဘယ်ကမှန်းမသိတဲ့မိန်းကလေးကိုငါ့တို့ကတောင်းပေးစရာလား"

မေမေသည် မျက်စောင်းလေးတထိုးထိုးဖြင့် ထမင်းစားခန်းထဲထွက်သွားသည်။မသိရင် နွေမီပြောတာတွေကိုအတည်မဟုတ်ဘူးဟုတွေးထားပုံရမည်။ကိုကိုကတော့ ဖုန်းကြည့်ရင်းအားလူးကြော်ဝါးတောင်မပျက်သည့်အတွက်

"ဟဲ့ ကိုကို ဟဲ့ကိုကိုလို့"

"ဘာလည်းအငယ်ရာ"

ကိုကိုလည်းဖုန်းနှင့်မျက်နှာမခွာဘဲ မှေးငေါ့ခေါင်းဆတ်ပြသည်။

"ငါပြောတာနားထောင်ပါအုံး"

"ဦးစိုးမိုးကိုပြော ဟားဟား ဟာသဘဲ
ဒီကောင်တွေ"

နွေမီသည်ဖေ့ဖေ့ကိုတစ်လှည့်ကိုကို့ကိုတစ်လှည့်ကြည့်ကာငိုမဲ့မဲ့ဖြစ်နေတော့သည်။ဖေဖေသည်လည်းတီဗီကိုသည်းကြီးမဲကြီးကြည့်ကာ တဟားဟား ကိုကိုကလည်းဖုန်းကြည့်ကာတဟားဟား နွေမီကိုလှောင်နေကြသည့်အတိုင်းပင်။

Hello BossWhere stories live. Discover now