zawgyi part(1)

1.4K 12 0
                                    

"ဟဲ့ ဟဲ့ ငါခေါ်နေတယ်အမလေးဟယ် နင့်မလည်းရတုရယ် တနေ့တနေ့အဲ့ Laptop နဲ့မျက်နှာကမခွာဘူး"

သူငယ်ချင်းဖြစ်သူ နွေမီချို ပြောမှ ရတုလည်း Laptopထဲမှာ ဆွဲလက်စပုံကိုဆက်မဆွဲတော့ဘယ်
သူငယ်ချင်းမလေးအား မှုန်ကုပ်စွာကြည့်လိုက်ပီ

"ဘာကိစ္စလည်း အပြင်သွားမို့လားမလိုက်ဘူးနော်"

ရတုအပြောကြောင့် နွေမီ မျက်စောင်းထိုးလိုက်တာ

"မဟုတ်ပါဘူး ငါနင့်ဆီလာတာမလာရဘူးလားပြောကိစ္စရှိမှလာရမှာလား"

နွေမီက ရတုအားပြောကာ ရတုကုတင်ပေါ်ပက်လက်လှဲချလိုက်သည်

"အမလေး နင်ကကိစ္စမရှိလည်းလာနေကျဆိုတာသိတယ်လေ အဲ့တာကြောင့်တမင်ပြောတာ"

အဲ့လိုဘယ် ရတုစစ်နဲ့ နွေမီချိုက ပြောမနာဆိုမနာသူငယ်ချင်းရယ်ပါရတု ၆နှစ်အရွယ်တည်းက ပခုံးဖက်ပေါင်းလာကြတဲ့သူငယ်ချင်းအရင်းကြီးတွေ အိမ်ချင်းကလည်း မျက်နှာချင်းဆိုင်ဆိုတော့ နှစ်အိမ်တစ်အိမ်လိုနေနေကြတဲ့ ညီမဆိုလည်းမမှားဘူး နွေမီချိုက ရတုစစ်ရဲ့တစ်ဦးတည်းသောသူငယ်ချင်းပင် ရတုက ငယ်ငယ်တည်းကနေခုထိ နွေမီချိုနဲ့ဘယ်ပေါင်းတယ် နွေမီချိုကတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ တည့်ပီး သူငယ်ချင်းအနည်းစုတော့ရှိပါတယ် ရတုကသာ ဘယ်သူနဲ့မှမပေါင်းအမြဲကျောင်းမှာခပ်တည်တည်မျက်နှာပေနဲ့ မျက်မှန်လေးနဲ့ကောင်မလေးပေါ့ ကျောင်းပီးတော့ အင်ဂျင်နီယာကျောင်းသူနှစ်ယောက်က ရန်ကုန်ထဲမှာအလုပ်ရခဲ့တယ် လျှောက်တာတော့တူတူလျှောက်တာဘယ် တယောက်တနေရာစီကျသွားတော့ ရတုက အဖော်မဲ့လေရော

"ဒီတပတ်အပြင်မသွားပါဘူး ငါ့ကောင်လေးက
မအားဘူးတဲ့ အဲ့တော့အပြင်လည်းသွားစရာမလိုတော့ဘူးလေ"

"ဪ အဲ့တာကြောင့်"

ရတုကဒီလောက်သာပြောပီး ခေါင်းတညိတ်ညိတ်လုပ်နေသည့်ပုံစံကချစ်ဖို့ကောင်းနေသည်
နွေမီ ရတုကိုအရမ်းခင်သည် ရတုက တီရှုပ်အမဲပြောင်ပွပွလေးနဲ့ ချည်သားအမဲအကွက်စိပ်ဘောင်းဘီလေးဝတ်ဆင်ထားတာ ဂုတ်ဝဲဆံပင်လေးကိုကပိုကရိုလေးစုစည်းထားကာ လေးထောင့်မျက်မှန်လေးနဲ့ ရိုးရိုးရှင်းရှင်းလှနေတော့သည် ပိုထူးခြားပီးဆွဲဆောင်ထားသည်က ညာဘက်မျက်လုံးအလယ်တည့်တည့်က မှဲ့မထင်မရှားလေးရယ် သူမ နှုတ်ခမ်းဖူးဖူးရဲရဲလေးတစုံရယ်က သူမအလှကိုပိုပေါ်စေလေသည်

"အင်း အလုပ်ကိုနားနားနေနေလုပ်ပါလား ရတုရယ်
အမြဲတမ်း Laptopထဲမျက်လုံးကြီးဝင်နေအုံးမယ်"

"အိမ်ဒီဇိုင်းအသစ်အပ်ထားကြလို့ပါ ပီးတော့ ဂျာကြီးကလည်း Mondayကိုအမှီလိုချင်တယ်ဆိုလို့လေ"

"ဟင်း နင်တို့ဂျာကြီးက တရုံးလုံးမှာနင်ဘယ်ရှိတာကြလို့ နင့်ဘယ်ဖိခိုင်းနေတာ"

နှုတ်ခမ်းလေးစူပီး သူမဘက်ကဝိုင်းနာပေးနေသည် နွေမီအား ပြုံးပြကာ

"ကိုယ့်အထက်ကလူကြီးဘယ်လေ နွေမီရယ်အဲ့လိုပြောလို့လည်းမရဘူးလေ သူအထက်လူကြီးကလည်းသူ့ကိုဖိအားပေးလို့နေမှပေါ့ ထားလိုက်ပါ ငါမနက်ဖြန်ညနေလောက်ဆိုပီးလောက်ပီ"

"ဟူး ငါ့သူငယ်ချင်းလေးရယ် ပင်ပန်းနေမှာပေါ့ ပင်ပန်းလက်စနဲ့ လက်ဖက်သုပ်လေးပါသုတ်ကျွေးရင်ပိုကောင်းမှာဘယ်"

နွေမီ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြကာပြောတော့

"အစတည်းက ရတုကသုပ်ကျွေးမို့ပါနော်ကောင်လေးနဲ့မတွေ့ရတော့ သူငယ်ချင်းဆီလာချွဲနေတယ် ကဲ ခနထိုင်စောင့်နေ ငါသွားသုပ်အုံးမယ်"

"ဟီး အဲ့တာကြောင့်ချစ်နေရတာ တုတုမလေး"

နွေမီ လုပ်ပြနေတဲ့ ချစ်စရာအမူအရာကို ရတုနှာခေါင်းရှုံ့ပြလိုက်ပီး

"ရွံစရာကြီး"

"အယ်"

ဟုပြောကာ ထွက်သွားသောရတုမကြောင့် နွေမီကြောင်အမ်းအမ်းဖြစ်သွားတာတော့အမှန်ပင် ကိုကိုပြောတော့ အဲ့လိုလုပ်ရင်ချစ်ဖို့ကောင်းတယ်တဲ့ ရတုကရွံစရာကြီးတဲ့ အေပေါ့ သူကအသည်းနှလုံးမရှိတဲ့လူဘယ် ကျောင်းတုန်းကဆို ရတုကိုလိုက်တဲ့ကောင်လေးတွေမှအများကြီး ရတုကသူမ ဝါသနာပါတဲ့စာဖတ်ခြင်း အိမ်ပုံလေးတွေဆွဲချင်း gymဆော့ချိန်တောင်မလောက်လို့ရည်းစားထားဖို့မပြောနဲ့ ယောက်ျားလေးကိုဆန့်ကျင်ဘက်လိင်အဖြစ်စိတ်ဝင်စားမှုတောင်မပြ တဲ့အပြင်သူမကိုလာပီပိုးပန်းနေသူများအားခပ်ပြတ်ပြတ်တခွန်းထဲပြောတတ်တဲ့သူမ
"ကျွန်မ ရှင်တို့လို့ အားယားမနေပါဘူးရှင်"
ဟုသာပြောပီး
အသက်၂၃နှစ်ထိ ရည်းစားတစ်ယောက်မှမထားဖူးချေ ယောက်ျားလေးစိတ်မဝင်စားလို့ မိန်းခလေးစိတ်ဝင်စားမယ်ထင်သလား ရတုက ဘယ်ဟာမှကိုစိတ်မဝင်စားတာပါ......

_______________________________________________

အားပေးကြပါအုံးရှင့်💗💗💗

Hello BossWhere stories live. Discover now