Zawgyi Part(16)

179 5 0
                                    

နေ့လယ်စာ စားပီးတည်းက ရွာချလိုက်တဲ့မိုးက ခုထိ
မတိတ်သေးဘယ် အပေါင်မြို့မှာခပ်ဖွဲဖွဲလေးရွာနေဆဲဖြစ်ပေ့မယ် သထုံရောက်တော့ ရာသီဥတုလေးက မိုးရွာထားကာစ ဖြစ်ပီ မိုးသားတိမ်လွှာများမှ သက်တန့်လေးပေါ်ထွက်လာခဲ့တော့သည်

"ပျို ရှေ့မှာမြင်လား သက်တန့်ကြီး လှလိုက်တာနော်"

"ဟုတ်တယ်နော် လှနေရော သထုံမြို့လေးကနေ ရတုကိုကြိုဆိုနေတယ်ကြည့်ပါအုံး တလမ်းလုံးရွာလိုက်တဲ့မိုးက သထုံရောက်တော့ ရာသီဥတုကသာယာလိုက်တာ"

"နေရထိုင်ရတာကောင်းလိုက်တာ ပျိုရယ် ကြည့်ပါအုံးတောင်တန်းတွေနဲ့ သက်တန့်လေးနဲ့ ရတု သီချင်းတစ်ပုဒ်တောင်သတိရလိုက်တယ်"

"ဘယ်လိုသီချင်းမျိုးလည်း ရတု"

"စိုးပိုင်ရဲ့ နေကွယ်ရင်လထွက်မယ်ဆိုတဲ့သီချင်းလေး
သူက ညနေခင်းကိုကိုယ်စားပြုသလိုဘယ် ခုလည်းညနေခင်းလေးမှာ ဟိုကနေရွာထားတဲ့ မိုးတွေက သထုံမှာချုပ်ငြိမ်းပီး လထွက်သလို သက်တန့်ရောင်ခြည်လေးကလည်းထွက်လာတော့ သီချင်းလေးကအရမ်းကွက်တိမကျတာတောင် မိုးရွာပီလို့သက်တန့်လေးထွက်လာတယ်
မာယာရှင်လေးမုန်းသွားလည်း ကြင်နာသူလေးတစ်ယောက်တော့လာမယ်တဲ့လေ"

"သီချင်းဟောင်းတွေကြိုက်တယ်နော် ပျိုသတိထားနေတာကြာပီ"

"သီချင်းဟောင်းတွေက ငယ်ငယ်ကဖေဖေဖွင့်တော့ နားယဉ်ပီး ခုထိလည်းကြိုက်တုန်းဘယ်"

"ဘယ်အဆိုတော်အကြိုက်ဆုံးလည်း"

"အင်း အကုန်ကြိုက်တယ် ဦးငှက် စိုင်းထီးစိုင်း အိုအစုံကြိုက်တယ် သီချင်းအဟောင်းဆို"

ပျိုကတော့ ပြုံးပြုံးလေးပါဘယ် ရတုကသာ ဒီခရီးထွက်ရလို့ပျော်နေသည့်ခလေးနှယ် မေမေဆီတောင်ဖုန်းဆက်ဖို့မေ့ပြစ်နေသည်အထိ ပျို့နဲ့တူတူရှိနေရရင် ရတု ခလေးတစ်ယောက်လိုဖြစ်သွားပီ လွတ်လပ်ပေါ့ပါးဖြစ်သွားကာပျိုဆိုသည့်အမျိုးသမီးလေးက
ခိုလှုံချင်စရာလေးရယ် နူးနူးညံ့ညံ့ ခပ်ပြုံးပြုံးလေးပါဘယ်တကယ့်ကို ဘေးတိုက်အနေအထားလေးနဲ့ သထုံမြို့အဝင်လမ်းမကြီးနဲ့ လှမ်းမြင်နေရသောတောင်တန်းတွေနဲ့ သက်တန့်ရောင်ခြည်လေးအောက်မှာ ​အမျိုးသမီးငယ်လေးနှစ်ဦး တစ်ဦးကတစ်ဦးရဲ့ အပြောလေးတွေကို ခပ်ပြုံးပြုံးနားထောင်နေကာ တစ်ဦးက ထိုအပြုံးလေးကိုငေးကြည့်ပီး ရတုစစ်ရဲ့ နှလုံးသားတစ်ခုလုံးအရည်ပျော်ကျမိတော့မယ် ဒေါ်မေထိပ်ထားပျိုရယ်

Hello BossWhere stories live. Discover now