ရတု အိမ်မှာ၂ပတ်လောက်အကြာနေပီးနောက်မှာတော့ဆက်ပီး မနေနိုင်တော့ဘယ် နွေမီပြောတဲ့ ကုမ္ပဏီက မှာအလုပ်လျှောက်ဖို့ ညက mailမှာလျှောက်လွှာတင်ထားတာ ဒီမနက် အင်တာဗျူးလာဖြေဖို့ထွက်လာခဲ့လေသည်
ရတု ဒီနေ့ဝတ်ထားတဲ့ outfitက အပေါ်က အညိုရောင်တီရှုပ်လက်ရှည်လေးနဲ့ ဂျင်းဘောင်းဘီလေးနဲ့ ချည်သားအမဲရောင်ဘေးလွယ်အိတ်လေးလွယ်ကာ
ပုံမှန်သွားနေကျအတိုင်း ဘတ်စ်ကားတိုးစီးပီး ကုမ္ပဏီလိပ်စာအတိုင်း ထိုကုမ္ပဏီကိုရောက်လာခဲ့လေသည်"မနေ့က အလုပ်လျှောက်လွှာပို့ထားတာဒီနေ့အင်တာဗျူးလာဖြေတာ ဘယ်ဘက်ကိုသွားရမလည်းရှင့်"
"ဪ ဟုတ်ကဲ့ အင်တာဗျူးအတွက် ဒီဘက်ကိုကြွပါရှင့် တာဝန်ခံမှူးရှိပါတယ်ရှင့်"
"ဟုတ်ကဲ့ကျေးဇူးပါနော်"
ဟုပြောပီး ရတု ထိုဝန်ထမ်းပြတဲ့ နေရာကိုသွားရောက်ပီးအခန်းတံခါးကို ခပ်ဖွဖွလေး ခေါက်လိုက်ကာ
"ဝင်ခဲ့ပါ"
"ဟင်"
"ဟယ် အငိုသန်မှန်ကြောင်လေးဘယ်"
ပျို ခုံအနောက်ဘက်လေးမှီချလိုက်ပီ လက်ကလေးပိုက်ပြုံးပြလိုက်တော့ ထိုငတိမလေးက ပျို့ကိုခတ်ဆတ်ဆတ်ကြည့်ပီး
"အခန်းမှားဝင်မိတာ သွားလိုက်အုံးမယ်"
"နေပါအုံး တို့ကိုတွေ့တိုင်းဘာလို့ ရှောင်နေရတာလည်း"
ပျို မျက်ခုံးလေးပင့်တင်ကာမေးတော့"ရတုမှမခေါ်ချင်တာ"
"ဘုရားရေ"
ပျိုမှာအံ့သြခြင်းများစွာဖြင့်ပျိုလိုလူကို
မခေါ်ချင်တဲ့လူကရှိသေးတာလား"ဘာလို့မခေါ်ချင်တာလည်း"
"မသိဘူး မခေါ်ချင်လို့"
ပျို ခပ်ဖွာဖွာပြုံးပီး ရတု အနားလေးသို့ကပ်ကာ
"နည်းနည်းပါးပါး အားနာပါးနာနဲ့တောင် တို့ကိုမခေါ်ချင်ဘူးပေါ့"
မျက်နှာလေးဆူပုပ်ပုပ်လေး လုပ်ပြကာပြောလေတော့
ရတုက ဒီအပြုအမှုလေးကိုမသိချင်ယောင်ဆောင်ကာ
အာခေါင်တွေခြောက်လာလို့ တံထွေးများပင်မြိုချမိပြန်
YOU ARE READING
Hello Boss
Romanceမြင်သူတိုင်း လည်ပြန်ကြည့်ယူရလောက်အောင်လှရက်လွန်းတဲ့ "မေထိပ်ထားပျို" သူမဘဝမှာ ချုပ်ခြယ်မှုများစွာနဲ့ ကြီးပြင်းလာပီး ကုမ္ပဏီတစ်ခုရဲ့ CEOတစ်ယောက်ဖြစ်ကာအရာရာစည်းကမ်းတင်းကြပ်ပီး ဘယ်အရာကိုမှစိတ်တိုင်းမကျသောသူမ "ရတုစစ်" အင်ဂျင်နီယာမလေးဖြစ်သူ ရတုစစ် က လူတွေ...