Unicode Part(24)

3.5K 119 12
                                    

ဒီနေ့လေးသည် ပျိုနဲ့ချစ်သူဖြစ်တာပထမရက်တဲ့လေ...
ရတုအိပ်ယာကို‌နောက်ကျမှနိုးလာခဲ့တော့သည်။အိပ်ယာနိုးနိုးချင်း အိပ်ချင်မူးတူးပုံစံလေးဖြင့် ကုတင်ပေါ်မှမထဘယ် ပျို့အသံလေး ပျို့အမူအယာလေးကိုတွေးရင်းနဲ့ ပြုံးနေမိသည်။
အိပ်ရတာစိတ်ချမ်းသာသလို ပျိုနဲ့တူတူတစ်မိုး‌အောက်တည်းမှာရှိနေရသည်ကိုက ရတုအတွက်အစစအရာရာလုံခြုံနွေးထွေးနေသည်။ မေ့မေ့ရင်ခွင်ပီးရင် ပျို့ရင်ခွင်လေးသည် ဒုတိယခိုလှုံချင်စရာအကောင်းဆုံးဟူ၍ရတုသတ်မှတ်တော့မည်။

"ဒေါက်ဒေါက်ဒေါက်"

"ဟင် ပျိုလား"

"ဟုတ် တို့ပါ"

"ဝင်ခဲ့လေ ပျို"

ရတု စကားသံအဆုံး ပျိုရေမွှေးနံ့လေးခပ်ဖြည်းဖြည်းကလေးသင်းပျံ့လာကာ
ပျိုသည်လည်းခပ်ငြိမ်ငြိမ်လေးဘယ်လမ်းလျှောက်လို့လာသည်။
စပို့ရှုပ်အဖြူရောင် လက်ရှည်ကို‌တံတောင်ဆစ်နားထိခေါက်ထားပီ
ဂျင်းနက်ပြာရောင်လေးထဲထည့်ဝတ်ထားသောပျိုသည် ဆံနွယ်လေးများကိုဖြန့်လျက်ချထားသည်။

"ပျို့ရဲ့အိပ်ပုတ်ကလေးရယ်မျက်မှန်လေးမပါဘယ်အိပ်ချင်မူးတူးလေးကချစ်စရာချစ်ပြစ်ချင်စရာကွယ်"

ဟုဆိုကာ ကုတင်ပေါ်ထိုင်လိုက်ပီ ရတု
ပါးလေးနှစ်ဖက်ကိုဆွဲကာဖြင့်

"မျက်နှာမသစ်ရသေးဘူး ပျို့လက်တွေညစ်ပတ်ကုန်မှဖြင့်"

"အိုချစ်သူတွေဘယ် ပျို့ကနှုတ်ခမ်းတောင်ညစ်ပတ်ချင်နေတာ ပြွတ်"

ပျိူ့သည် အပြောနှင့်အလုပ်ကိုညီစွာလုပ်ဆောင်သူပီပီ ရတုနှုတ်ခမ်းလေးကို
ပျို့နှုတ်ခမ်းလေးဖြင့်ဖိကပ်ကာနမ်းသည်။

"ဟွန်းပျိုနော် စောစောစီးစီးသူ့အိမ်ဆိုပီးတော့"

"ဘာဖြစ်တုန်း ပျို့သည်းငယ်ထတော့ မျက်နှာသစ် မနက်စာစား ပျို့ကဒီနေ့မအားဘူးကွယ် အလုပ်သွားစရာရှိတယ် ပျို့ချစ်သူကိုတစ်ယောက်တည်းထားခဲ့ရမယ်ထင်တယ်"

"ဟင် ပျိုက တစ်ယောက်တည်းသွားမို့လားဟင်"

ရတုအမေးကြောင့် ပျိုသည် ရတုမျက်နှာလေးကိုတချက်မျှအကဲခတ်လိုက်ကာ

Hello BossWhere stories live. Discover now