Unicode Part(14)

2.4K 109 2
                                    

"ကိုကြီး ကျွန်တော့် ပျို့ကိုလက်ထပ်ချင်နေပီဗျာ ကိုကြီးကူညီပါအုံး"

"အေးဆေးပေါ့ ငါ့ညီရာ"

မွေးနေ့ပွဲပီးတော့ဧည့်ခန်းထဲမှာ မောင်နှမသုံးယောက်ထိုင်ကာ ရှေးဟောင်းနှောင်းဖြစ်များပြောရင်း
တေဇ တစ်ယောက် ညီမအရှေ့မှာတောင် မရှက်တမ်း
ပျို့ကို လက်ထပ်ချင်နေတဲ့အကြောင်းပြောမိနေလေသည်

"ကိုလေးကလည်း အချိန်တန်ယူရမှာဘယ်ဟာကို"
ဇာမဏီ ဝင်ပြောလိုက်ခြင်းပင်

"အချိန်တန်တာထက်ကိုခုကကျော်နေပီ ပျို သူများနောက်ပါသွားရင် ဘယ်လိုလုပ်မလည်း"

"မင်းကလည်းကွာ အဲ့လောက်လည်းအဖြစ်သည်းမနေပါနဲ့ မေထိပ်ထားပျို က သူ့အဖွားသွားဆိုသွား လာဆိုလာနေရတဲ့လူပါ သူ့အဖွားကိုမတွန်းလှန်နိုင်သလို သူ့အမတစ်ယောက်တည်းထားခဲ့ပီး အိမ်ထဲကထွက်မှာမဟုတ်ဘူး သူ့အမကိုလည်းငါအချိန်တစ်ခုယူပီးရအောင်အပိုင်သိမ်းခဲ့သေးတာဘယ် ဒီလောက်ကတော့ အေးဆေးပါညီရာ"

"အကိုလေး ပျို ခြံထဲကခေါ်ထွက်သွားတဲ့ကောင်မလေးနဲ့ပျိုနဲ့က သိတာလားဟင်"

ဇာမဏီ သိချင်စိတ်ကိိုထိန်းမရစွာမေးမိသည်
ပျိုနဲ့ရတု ကဘာတွေလည်းဆိုသည့်အတွေးတွေက ဇာမဏီကို ရင်မောစေသည် ရတု လက်ကိုဆုပ်ကိုင်ပီ ငါ့အပိုင်လို့ပြောတည်းက ဘာတွေလည်းဘာလည်းဆိုတဲ့
အတွေးကရပ်တန့်လို့မရ

"အဲ့တာ သူ့ဝန်ထမ်းကောင်မလေးပါ သူ့ဝန်ထမ်းကိုထိကပါးရိပါး လုပ်တာမကြိုက်လို့ အပြင်ကိုခေါ်ထုတ်သွားတာပါ ဘာဖြစ်လို့လည်း ညီမလေးက"

"မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့ပါ ဒါဆို ရတုက ပျို့ကုမ္ပဏီမှာအလုပ်လုပ်တယ်ပေါ့ ပျို အရင်က သူ့ဝန်ထမ်းကို ဒီလိုမဆက်ဆံဖူးပါဘူး ခုကျမှ"

"ကဲ ငါ့ညီမ စပ်စုစိန်လေးကလည်း စောနက ပြောလိုက်တဲ့ ရတုဆိုလား အဲ့တစ်ယောက်နဲ့သိတာလား"

"သိတယ် ညီမလေးအထည်ဝယ်နေတဲ့ဆိုင်ကဆိုင်ပိုင်ရှင်သမီး ချောတယ်နော်"

"ဟဟ ငါကြည့်တွေ့တာတောင့်မှုန်ကုပ်နေတာဘယ်တွေ့တယ်"

ဇာမဏီအကိုကြီးက ဒီစကားကိုဝင်ပြောခြင်း

Hello BossWhere stories live. Discover now