Unicode Part(10)

2.7K 128 0
                                    


"ဘောစ့် အရမ်းချမ်းနေလားဟင်"

ကားပေါ်ရောက်တော့ ရတု အပြောကိုပြန်မဖြေဘယ် ခေါင်းလေးဘယ်ညိတ်ပြပီး လက်ကလေးပိုက်ထားပီးသူမတကယ်ချမ်းနေလောက်တယ် နှုတ်ခမ်းတွေပါတုန်ရိနေပီး နှာသီးဖျာလေးတွေပါရဲနေတော့သည် ရတုလည်း
ကားမောင်းတဲ့နေရာမှာဝင်ထိုင်ကာ

"ဒီပုံအတိုင်းဆို ကုမ္ပဏီလည်းပြန်လို့မရဘူး ဘောစ့်အိမ်ကိုသွားမလား ကျွန်မမောင်းပို့ပေးမယ်"

"ဟင် ပျို့အိမ် ဟင်အင်းမသွားဘူးပျို့အိမ်တော့ ရတယ် ပျို့ဒီအဝတ်တွေခြောက်မှ ကုမ္ပဏီသွားလိုက်မယ် ရတုအိမ်ကိုပြန်လိုက်"

"ဟာ ဘယ်ဖြစ်မလည်း "
ရတု စိုးရိမ်သွားသည် ဒီအမျိုးသမီးဒီလောက်ချမ်းနေတာအိမ်ကိုမပြန်ဘယ် အဝတ်အစားခြောက်မှပြန်မည်တဲ့လားမဖြစ်ပါဘူး

"ဖြစ်တယ် ရတယ်"

"ဒေါ်မေထိပ်ထားပျို ကျွန်မစကားတစ်ခါလောက်နားထောင်လိုက်ပါ ခု ကျွန်မအိမ်ကိုသွားမယ်
ဒေါ်မေထိပ်ထားပျိုပါ လိုက်ခဲ့ရမယ်"
ဟုပြောလည်းပြော
ကားစက်နိုးရန် သော့တောင်းလိုက်တော့

"ကားမောင်းတတ်တယ်ပေါ့"

ချမ်းနေတာတောင် စပ်စုတဲ့ ဘောစ့်ရယ်ပါ
ဆံပင်ခွေခွေလေးတွေ စိုသွားတော့လည်း တစ်မျိုးလေးကြည့်ကောင်းပြန်တယ်
ရတု ဒေါ်မေထိပ်ထားပျိုကိုလှည့်ကြည့်လာပီတစ်ချက်လေးပြုံးပြလိုက်ပီး ကားမောင်းကာထွက်ခဲ့တော့သည်
ရတု မျက်မှန်တောင်မတပ်ထားဘယ် ချွတ်ထားလိုက်ရသည် သဲကြီးမဲကြီး ဆိုင်းမဆင့်ဗုံမဆင့် ရွာချတဲ့မိုးကြောင့် မျက်မှန်တောင် မမြင်ရတော့ဘယ် ရတုပစ္စည်းတွေအကုန်စိုနေတော့ မျက်မှန်သုတ်မယ့်အချိန်တောင်မရပါဘူး ဒီ ဘောစ့်အရမ်းချမ်းနေတော့ တော်သေးတယ်ရတုက အနီးမှုန်ဆိုတော့ ချွတ်ထားလို့ရတယ်

ပျို သူစိမ်းကားမောင်းတာကို ငေးကြည့်မိတာရတုစစ် ဆိုသည့်ကောင်မလေးနဲ့မှ မျက်မှန်လေးချွတ်ထားတော့ မျက်နှာမှာ ပြောင်ရှင်းနေတော့ သူမရဲ့ပင်ကိုယ်အလှကတန်းခနဲမြင်နေရသည် နှုတ်ခမ်းဖျား
လေးတွေဆို ကွေးညွှန့်ပီး နီစွေးစွေးလေးရယ် မျက်လုံးအကြည့်တွေဆို စူးရှပီး မျက်လုံးအောက်နားကမှည့်လေးကထင်းနေတာဘယ် ဆံပင်ဂုတ်ဝဲလေးက ရေစိုနေပေ့မယ့် ဆွဲဆောင်မှုအားကောင်းလိုက်တဲ့ ရတုစစ်"ပါနော်သူမ နှုတ်ခမ်းဆီအကြည့်ရောက်တုန်း ပျို့နှုတ်ခမ်းတွေ
ပါပိုတုန်ရိလာသလိုခံစားရတယ် ပျို ရတုရဲ့နှုတ်ခမ်း
လေးကိုသဘောကျလိုက်တာနော် ဒီတိုင်းလေးဘယ်ငေးကြည့်နေရင်းနဲ့ ရတု တို့အိမ်ထဲဘယ်လိုရောက်လာသည်မသိ ရတုက ဆင်းပီ ခြံတံခါးဆင်းဖွင့်တော့

Hello BossWhere stories live. Discover now