Zawgyi Part(19)

190 4 0
                                    

ဒီမနက်တော့ ရတုခပ်စောစောလေးနိုးလာခဲ့တော့သည် ရတုအခန်းကပျိုအခန်းရှေ့မှာဖြစ်ကာ ညစာလည်းမစားကြတဲ့ သူမတို့နှစ်ယောက်အတွက် ညဘက်မှာထွေထွေထူးထူးတွေ့စရာမလိုဘယ်ကိုယ့်အခန်းထဲမှာကိုယ်နေဖြစ်ကြသည် ပျိုကလည်း ပျို လုပ်စရာလုပ်ငန်းရှိသေးတယ်ဟုဆိုကာ တညနေလုံးအခန်းထဲကမထွက်ဘယ် ရတုနဲ့မျက်နှာချင်းတောင်မဆိုင်ပေ တစ်ခါတလေ ပျိုကအဲ့လိုနားလည်ရခက်ပါတယ် တကယ့်မိန်းမပါဆို

ရတုရှိတယ်ဆိုတာရောသိရဲ့လား အလုပ်ခိုင်းဖို့ခေါ်လာတာလား ဒီတိုင်းအလည်ပတ်သဘောနဲ့ခေါ်လားသလားလို့တောင်ထင်ရလောက်အောင် ဘာမှမလုပ်ခိုင်းပေ ညကမေမေနဲ့ဖုန်းပြော နွေမီနဲ့ဖုန်းပြောပီးတည်းကအိပ်လိုက်တာ ခုမနက်စောစောနိုးလာခဲ့တော့သည် ရတုလည်းရေချိုးခန်းထဲဝင်ကာ
ရေချိုးချလိုက်သည် ရေချိုးပီးလို့တဘက်လေးပတ်ပီးရေချိုးခန်းထဲကထွက်လာတော့

"အမလေး လန့်တာပျိုရယ် အသံလေးဘာလေးပေးပေါ့"

ပျိုက ကုတင်ပေါ်လေးမှာ ဘေးတစောင်းလေးထိုင်ကာ ဖုန်းကြည့်နေသည့်ပျို

"ပျိုအပြင်ကခေါ်နေတာ အထဲကပြန်ဖြေသံမကြားလို့ စိတ်ပူလို့ဝင်လာတာအထဲရောက်မှရေချိုးနေသံကြားလို့ အဲ့တာနဲ့ပြန်ပီးမထွက်ချင်တော့တာနဲ့ ဝင်ထိုင်နေတာ"

ပျိုက ရတုကိုမကြည့်ဘယ်ဖုန်းကြည့်နေရင်းဖြေသည် ပျိုက ကျန်တဲ့နေရာတွင်သာ ပိုင်စိုးပိုင်နင်းနိုင်ပေ့မယ်ရတုကို ခုချိန်ကြည့်မနေတဲ့အတွက် ရတုနေရမခက်ပါ

"ဟုတ်လားပျိုကစောကြီးနိုးနေတယ်ပေါ့"

ရတုကဗီရိုထဲက အင်ကျီထုတ်ရင်းပြောတော့

"အင်းဟုတ်တယ် ပျို အစောကြီးနိုးနေတာပီးတော့ဒီနေ့ကိုတေဇလာမယ်တဲ့အဲ့တာရတုကိုဒီနေ့ဘယ်မှလိုက်မပို့ဖြစ်တော့ဘူးလာပြောတာပီးရင်ထွက်ခဲ့နော် တို့မနက်စာစားဖို့စောင့်နေတယ်"

အင်ကျီထုတ်နေလက်စ လက်တွေငြိမ်ကျသွားမိသည် မျက်နှာမှာဝမ်းနည်းစိတ်ကလေးဖြတ်ပြေးသွားသလို ရင်ထဲအမည်မသိသောစိုးရိမ်စိတ်လေးတွေဝင်လာမိသည် ပျိုနဲ့တူတူရှိနေသောရက်လေးတွေကပျော်ဖို့ကောင်းတယ် ဘယ်မှလိုက်မပို့ရင်‌နေပါ ပျို့အနားမှာ ရတုကကပ်ခွင့်ရချင်တာ အဲ့အခွင့်ရေးကကုန်ပီထင်ပါရဲ့

Hello BossWhere stories live. Discover now