Unicode Part(20)

2.4K 102 5
                                    

နေ့ခင်းဘက် ပျို့တို့ခြံထဲကပြန်လာပီနောက်
ရတုလည်းပင်ပန်းသွားလို့ နေ့လယ်စာစားပီးတည်းကအခန်းထဲပြန်ပီးတရေးတမော အိပ်ပြစ်လိုက်သည်
ညနေ(၃)နာရီလောက်မှနိုးလာခဲ့ကာ ရေမိုးချိုးပီးအောက်ထပ်ဆင်းလာခဲ့တော့သည်

အောက်ထပ်မှာကြားနေရသော ယောကျ်ားသံနှင့် မိန်းကလေးရယ်သံလွင့်လွင့် တို့ထွက်ပေါ်လာကာ ပျိုပြောတဲ့ကိုတေဇတို့ရောက်နေပီမှန်းအတပ်သိလိုက်သည်

"ပျို ဇာမဏီကခုမှရောက်ဖူးတာဆိုတော့
ဇာမဏီကိုနေရာစုံအောင်လိုက်ပို့ပါအုံးနော်
ဘားအံဘက်မော်လမြိုင်ဘက်လည်းသွားချင်တယ် လိုက်ပို့နော် ပျို နော်ပျို"

"ညီမလေးကလည်းပျို့ကိုဖြေးဖြေးပြောပါ"

"ဟာကိုငယ်ကလည်း ဇာမဏီကမွန်ပြည်နယ်ဘက်တို့ ဘားအံဘက်တို့အရမ်းလာချင်နေတာကို"

"ပျို့အကုန်လိုက်ပို့ပေးပါ့မယ် အခုတော့အေးဆေးနားလိုက်ကြအုံးခရီးပန်းလာကြတယ်ဆိုတော့ကိုတေဇကတော့ Hotelမှာဘယ်တည်းလိုက်ပါဒီမှာကမိန်းကလေးတွေဘယ်ဆိုတော့"

"အင် ပျို ကိုယ်ဒီနားတဝိုက်ကHotelမှာဘယ်တည်းလိုက်မယ် အဲ့တာဆိုကိုယ်သွားအုံးမယ်
ညီမလေး ယောင်းမလေးကိုအရမ်းမဆိုးနဲ့နော် ကိုငယ်သွားပီ"

"ဟုတ် ကိုငယ်"

ရတု လှေကားလက်တန်းလေးကိုကိုင်ပီး ရှေ့ကိုဆက်မသွားဘယ်ဒီတိုင်းလေးရပ်နေမိသည် ဧည့်ခန်းထဲကထွက်လာသော ပျိုနဲ့ဟိုလူကြီး မဇာမဏီတို့ကရတုကိုမြင်တော့

"ရတုလေး"

"ရတု"

ဟုမိန်းကလေးနှစ်ယောက်ရဲ့သံပြိုင်ထွက်လာသော အသံ ဟိုလူက ရတုကိုတစ်ချက်သာလှည့်ကြည့်ပီး အိမ်ပြင်ကိုထွက်သွားတော့သည်

"မဇာမဏီ"

ရတုရဲ့ မဇာမဏီလို့နှုတ်ကထွက်လာတော့
ဇာမဏီက ရတုနားကပ်လာသည်
ပျိုကတော့ရတုကိုတစ်ချက်သာစွေ့ကြည့်သွားကာမသိချင်ယောင်မမြင်ချင်ယောင်ဆောင်သွားသလားမပြောတတ် ဟိုလူကားပေါ်တက်သွားတဲ့ထိတိုင်အောင် နှုတ်ဆက်စကားပြောနေကြသည် ဟိုလူကလည်း ပျို နားထင်နားကဆံပင်လေးတွေကိုသိမ်းပေးလိုက်သည့်ထိုမြင်ကွင်းသည် ရတုကိုမြင်စေချင်သည်ထင်ပါရဲ့

Hello BossWhere stories live. Discover now