Unicode Part(29)

2.5K 123 14
                                    

"ပျို ပျို ပျိုလို့"

"အိုဘာလည်းဘာလည်းဒီမှာအလုပ်လုပ်နေတာ တပျို ပျို ပျိုနဲ့"

"ဟွန်းပျိုလေးကလည်းထူးတာကြီးကဗျာ"

ဟုဆိုကာ ပျို့ပေါင်လေးပေါ်ထိုင်ချလိုက်သည်။

"တို့စိတ်ကလေးဆိုးနေတာ ကောင်းကောင်းမွန်မွန်မထူးနိုင်ဘူး ဖယ် တို့ပေါင်ပေါ်က"

ပျိုစကားပြောသည်ပုံလေးကိုကအသည်းယားစရာကောင်းလိုက်တာ
ရတုစစ်ရေ အကြိမ်ကြိမ်သေလို့ရပီထင်တယ်

"ဖယ်ပါဘူး ပြပါအုံးစိတ်ကလေးဆိုးနေတဲ့ရုပ်လေးအဟိ ချစ်စရာလေးဗျာဘာကိုစိတ်ကလေးဆိုးနေတာတုန်း ဟင်"

"မသိဘူးလား မသိရင်လည်းနေလိုက်တော့"

ရတု သိပါသည်။ပျိုစိတ်ဆိုးနေရသည့်အကြောင်းအရင်းသည် မနက်ကပျိုမနိုးသေးတာနဲ့ မဇာမဏီနှင့်အတူ သထုံဈေးကိုသွားလိုက်ခြင်းကြောင့်ဖြစ်သည်။ရတု ပျို့ကိုမနက်စာမုန့်ဟင်းခါးပြန်လုပ်ကျွေးချင်လို့စိတ်ကြိုက်ဈေးသွားဝယ်ခဲ့ခြင်းပင်ဖြစ်သည်။ဒါကိုနိုးလာတော့ ရတုကိုမတွေ့သည်ကတစ်ကြောင်းဇာမဏီနှင့်တူတူသွားရကောင်းမလားဆိုပီး
ရတုကိုစကားလည်းမပြော ခြံထဲတောင်မသွားနိုင်ဘဲ အခန်းထဲအောင်းကာအလုပ်ရှုပ်ပြနေသည်။

"စိတ်သာဆိုးတာ မနက်စာတော့နှစ်ပန်းကန်တောင်စားသွားတယ်နော်ဘယ်သူလည်းမသိဘူး မွန်မလေးတစ်‌ယောက်တအားစားနိုင်တာ"

"ဘာလည်း တို့အရမ်းစားလို့ရှင့်ဇာမဏီစားဖို့မရှိတော့လား"

စိတ်ကသာဆိုးသည်ရတုပြင်ဆင်ပေးသောမနက်စာမုန့်ဟင်းခါးချက်လေးကိုတော့စားပေးရှာသည်။ပျို့ကမုန့်ဟင်းခါးကြိုက်တဲ့
မွန်မလေး
မုန့်ဟင်းခါးစားရင်တောင် ခရမ်းချဉ်သီးလေးထည့်စားတတ်တဲ့ မွန်မလေးရယ်။

"ဟော မလုပ်ရပါဘူးချစ်ကလေးရယ်
ရတုကမနက်ကပျို့ကြိုက်တဲ့မုန့်ဟင်းခါးလေးချက်ကျွေးချင်နေတာ ပျို နိုးလာရင်စားဖို့ ဈေးသွားတာကမဇာမဏီလည်းနိုးနေတာနဲ့ နှစ်ယောက်တည်းမဟုတ်ပါဘူးပျို့အိမ်
ကဒရိုင်ဘာပို့ပေးတာလေ"

Hello BossWhere stories live. Discover now