Unicode Part(21)

2.3K 102 10
                                    

သထုံမြို့လေးသည် လူဦးလေ မထူမထပ်လေးဖြင့် ရာသီဥတု အသင့်အတင့်ဖြစ်နေချင်စရာကောင်းသည်မှာမှန်လှသည်။
သထုံရွှေစာရံဘုရားသည် ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေးတွင် တည်ရှိပီ
ကျိုက်ထီးရိုး/ကျိုက္ခမီ အစရှိသောနေရာများသို့ ဘုရားဖူးသွားရာတွင် ခရီးတစ်ထောက်နားကြပီ ဝင်ရောက်ဖူးမျှော်ကြသည်။ရွှေစာရံဘုရားဘေးပတ်ပတ်လည်တွင်ဈေးဆိုင်တန်းများ အစုံအလင်ရောင်းချပီး ဘုရားမုခ်ဝတွင်တော့ ဘုရားပန်းမျိုးစုံ ဆီမီးမျိုးစုံနှင့် သထုံအပြန်လက်ဆောင်များရောင်းချနေကြသည်။

ရတုတို့စီးနှင်လာသော ကားလေးသည် ဘုရားမြောက်ဘက်မုခ်တွင်ရပ်လိုက်ကာ
ဘုရားဖူးရန်အထဲသိုဝင်ကာ ဖိနပ်များကိုအပ်ခဲ့လိုက်ပီး ဘုရားဖူးရန်ဝင်လာ‌‌တော့ ပျိုနဲ့ကိုတေဇကအရှေ့မှဖြစ်ကာ ပျိုကနောက်လှည့်ကြည့်ပီ

"ရတု ပျို့အနားလာခဲ့"

ဟုခေါ်သည်ကို ကိုတေဇကလျင်မြန်စွာ

"ဇာမဏီနဲ့ အဲ့ခလေးမတူတူသွားပါစေပျို
ကိုယ်နဲ့တူတူသွားရအောင်လာ"

ပျိုက ကိုတေဇလှမ်းကိုင်သောလက်ကိုရုပ်သိမ်းကာ လက်ကလေးပိုက်တော့
မြန်မာဝတ်စုံဝတ်ထားသော ပျို့ခါးသွယ်သွယ်လေးများလစ်ခနဲပေါ်သွားသည် ရတုအာခေါင်များခြောက်လာသည် ဒီအမျိုးသမီးကို ချစ်မိသွားတာနဲ့ဒီအမျိုးသမီးရဲ့ အရာရာတိုင်းက ရတုမျက်လုံးထဲလှပလို့နေသည်
ရတုအကြည့်နဲ့မတန်မရာ ပျို့ကလှလွန်းခြင်းကြောင့်လေ

"ဟုတ်တယ် ပျို ဇာမဏီရတုနဲ့တူတူသွားမို့ ပျို့နဲ့ကိုကိုအေးဆေးသွားကြပါ"

"မလိုချင်ဘူး ရတုတို့အနားလာလို့"

ပျို လေသံသည်အနည်းငယ်မာသလို ပျို့မျက်နှာချောချောလေးသည် ခပ်တင်းတင်းဖြစ်နေသည် ရတုသာ ပျို့အနားသွားလျှင်ကိုတေဇနဲ့ ပျို ပြသာနာများတက်နိုင်လေသလား သူများစုံတွဲကြားမှာ ရတုကအနှောင့်ယှက်များဖြစ်နေမှာလားဟုတွေးမိတော့

"ဘောစ့် ကိုတေဇနဲ့သွားလိုက်ပါ
ရတုမဇာမဏီနဲ့တူတူလာခဲ့ပါ့မယ်"

"ဟုတ်တယ် သွားပါစေ ခလေးတွေဘာသာ လာ ပျို ကိုယ်နဲ့တူတူဘုရားဖူးမယ်"

Hello BossWhere stories live. Discover now