"ဟင် အဲ့ဒါတကယ်ကြီးလားရတု""အင် အဲ့လိုလေးဖြစ်သွားတယ်နွေမီရယ်
မေမေ့ကိုတော့ငါမပြောပြရဲသေးဘူးနွေမီ နင်ငါ့ကိုမပေါင်းချင်တော့ဘူးလားဟင်ငါ ငါက"ရတု ရန်ကုန်ကိုပြန်ရောက်ပြီး တစ်လကြာသည်အထိ ပျိုနဲ့မတွေ့ရသေးပေ။ရတု
အလုပ်သာသွားနေရသည် ပျို့နဲ့ဖုန်းလေးနဲ့တောင်အဆက်သွယ်မရ လူချင်းလည်းမတွေ့ရသည်အခြေအနေမှာ ဘယ်လိုမှမျက်နှာအနေအထားသည်ဟန်မဆောင်နိုင်စွာ ပျိုများတစ်ခုခုဖြစ်နေလို့လားဆိုတဲ့ စိုးရိမ်စိတ်လည်းဝင်ကာ ရတုကိုယ်တိုင်မှိုင်တွေနေတတ်သည်။ဒါကိုရိပ်မိတဲ့ နွေမီက"အချစ်နာကျနေတဲ့ အရိပ်အယောင်တွေမြင်နေရတယ်နော် ရတုစစ် ဘာဖြစ်တာလည်းပွင့်ပွင့်လင်းလင်းပြောစမ်း"
ထို့သို့လှည့်ပတ်ပီး မေးတာနဲ့ ရတုလည်း
နွေမီ ဆက်မခင်မှာကိုမတွေးတော့ဘဲ
ပျိုနဲ့ချစ်သူတွေဆိုတာဖွင့်ဟလိုက်တော့သည်။"ဟာ ရတုရယ် ငါကနင့်နဲ့မပေါင်းလို့ဘယ်သူနဲ့ပေါင်းရမှာ ရှိတာမှဒီသူငယ်ချင်းလေးနှစ်ယောက်တည်းရှိတာကို ခုခေတ်မှာ ဒါမျိုးတွေအများကြီးဘဲ လိင်တူချစ်ကြတာလေ
အချစ်မှာအပြစ်မှမရှိတာ ငါ့သူငယ်ချင်းလိုရေခဲတုံးကြီးကိုအရေပျော်အောင်လုပ်နိုင်ခဲ့တဲ့သူက မေထိပ်ထားပျိုလားဟီးဟီး""ဟဲ့တိုးတိုး မေမေကြားသွားအုံးမယ်"
"အော်ပြောလိုက်ရမလား အန်တီရေ"
"ဟာနွေမီနော် ဘာမှန်းမသိဘူး မေမေကိုရင်မဆိုင်ရဲသေးဘူးငါ"
"အန်တီကနင့်ဘက်မှာအမြဲရှိနေပေးမယ်ဆိုတာငါယုံကြည်တယ် ရတုအဲ့တော့နင်စိတ်ထဲဘာမှတွေးမနေနဲ့ နင်သူငယ်ချင်းငါလည်းကွေးနေပီ"
"ဟင် ဘယ်လိုဘယ်လိုနွေမီက"
"ဟီးဟီးအဲ့လိုဖြစ်သွားတယ်"
"နင်ဘယ်သူကို အာ မဇာမဏီလို့တော့မပြောနဲ့နော်"
"သေချာတာပေါ့ ငါ့ရဲ့ဒေါက်တာလေးလေ"
"ဟေ အဲ့လိုလား"
"ဟုတ်တယ် ခုမှငါ့ဘက်ကစပြီး Fall in love တုန်း သူကအငြိမ်လေးလှုပ်ခတ်ဖို့အတော်ခက်သား"
YOU ARE READING
Hello Boss
Romanceမြင်သူတိုင်း လည်ပြန်ကြည့်ယူရလောက်အောင်လှရက်လွန်းတဲ့ "မေထိပ်ထားပျို" သူမဘဝမှာ ချုပ်ခြယ်မှုများစွာနဲ့ ကြီးပြင်းလာပီး ကုမ္ပဏီတစ်ခုရဲ့ CEOတစ်ယောက်ဖြစ်ကာအရာရာစည်းကမ်းတင်းကြပ်ပီး ဘယ်အရာကိုမှစိတ်တိုင်းမကျသောသူမ "ရတုစစ်" အင်ဂျင်နီယာမလေးဖြစ်သူ ရတုစစ် က လူတွေ...