Unicode Part(22)

2.7K 123 8
                                    

"ပျို ပျို နေပါအုံး ဒေါ်ပျိုရယ်"

ရတုသည် ဘုရားမုခ်ဝလှေကားအတိုင်းဆင်းရန်ပြင်နေသော ပျို့လက်ကလေးအနောက်ကနေအသာအယာလှမ်းဆွဲပီးခေါ်လေသည်

"အို ဖယ် ဆွဲလားရမ်းလားနဲ့"

"ဟင်း ပျိုက မျက်စောင်းတွေပဲ
ဒီတညနေလုံးပြစ်ထိုးနေတာလေ အဲ့တာပျိုနဲ့စကားလေးနည်းနည်းပြောချင်လို့"

ရတု ပျို့လက်လေးကိုမလွှတ်ပေးပဲ
နှစ်ယောက်သား လှေကားထိပ်မှာရပ်နေကြလျက်ပင်

"စကားနည်းနည်းလည်းမပြောချင်ဘူးများများလည်းမပြောချင်ဘူး"

ပျိုက ရတုကိုမကြည့်‌ပေလက်ကိုင်ထားသည်ကိုလည်းမရုန်းပဲသူမခြေဖဝါးနုနုဖတ်ဖတ်‌
လေးကိုငုံ့ကြည့်ရင်းဖြေသည် ဘေးနားက‌ဖြတ်သွားဖြတ်လာလူတွေကြည့်နေသည်ကိုရတုသတိမမူမိ ရတုအရှေ့မှာရှိနေသော
ခပ်ငြိမ်ငြိမ်နွဲ့တီနွဲ့လျောင်းသက်ရှိထင်ရှားလေးတစ်ဦးကို စမ်းချောင်း‌လေးများ ရပ်တန့်ပီငေးမောနေကြသလို ရတုလည်းမှင်သက်စွာငေးမောနေပီးမှ ရတုက ပျို့မှေးဖျားလေးကိုကိုင်ကာ ပျို့မျက်နှာအားမော့စေပီး

"ညနေပြန်ရင် ရတုနားမှာဘယ်ထိုင်နော်ပျို
ပျို့နေ့နာမ်မှာရတု ရေသပ္ပါယ်ခဲ့တယ်
ပျို့ နေ့နာမ်လေးအေးချမ်းစေဖို့လေ"

ရတုအပြုံးကြောင့် ပျို့လစ်ခနဲပြုံးလိုက်သည် ပီးချက်ချင်းပြန်တည်သွားကာ

"ဟွန်းခုမှလာပီ ပျို့နေ့နာမ်တဲ့လားရှင့်ဇာမဏီကိုပြောတော့ရှင့်မေမေနေ့နာမ်ဆို"

"ရတုကအဲ့တာကိုဘယ်လိုလုပ်ပျို့နေ့နာမ်လို့ပြောထွက်မှာလည်း"

"တော်ပီတော်ပီ မပြောထွက်လည်းလွှတ်တော့ ဟိုမှာဟိုမောင်နှမတွေလာနေပီ"

ပျိုက ရတုကျောဘက်မှာလျှောက်လာကြသော ကိုတေဇတို့မောင်နှမကိုမှေးငေါ့ပြသည် ရတုလည်း ပျို့လက်လေးလွှတ်ကာ
ပျိုက လည်ပင်းလေးကုတ်သယောင်ဖြင့်

"ပျို ကိုယ်တို့တစ်ခုခုသွားစားကြမယ်လေ"

ပျိုက ခေါင်းလေးဘယ်အသာအယာငြိမ့်ပြသည်

Hello BossWhere stories live. Discover now