Unicode Part(26)

2.2K 100 9
                                    

ကျယ်ဝန်းလှတဲ့ခြံအကျယ်ကြီးတည်းBMW
ကားအနက်ရောင်လေးတစ်စီးအရှိန်ဖြင့်မောင်းနှင်လာသည်။ထိုကားမောင်းသူသည်
အသက်အရွယ်အားဖြင့်၃၀လောက်ရှိမည်။ထိုသူသည်မြင့်မားသောအရပ်အမောင်း
ကျယ်ဝန်းပီးယောက်ျားပီသသော ခန္ဓာကိုယ်
ရုပ်ရည်သည် တည်ကြည်ပီးခန့်ညားသည်။

"ရောက်လာပီလား"

ခန့်ညားထည်ဝါလှသောဧည့်ခန်းထဲဝယ်
စီးကရက်နံ့လေးဝေ့ခနဲရလာသည်။
သက္ကမာန် ခေါင်းတချက်သာဆတ်ပြပီး
ကျွန်းထိုင်ခုံပေါင်ထိုင်လိုက်သည်
ထို့နောက် အနည်းငယ်စိတ်အိုက်သဖြင့်
နက်ကတိုင်ကြိုးအားလက်ဖြင့်ပြေလျော့စေလိုက်ပီ

"ငါ့လူတစ်ယောက်ပျောက်နေတယ် သက္က မင်းတို့ဘက်ကလူတွေကငါ့လူ့ကိုမသတ်နိုင်ဘူးလို့ပြောလို့မရဘူးနော်"

ထိုစကားကိုစီးကရက်ကိုခပ်ဖြေးဖြေးဖွာရင်း
သက္က ကိုမမှိတ်မသုန်စိုက်ကြည့်ကာပြောသည်။ထိုလူ့ပုံစံသည်သွေးအေးပီးရက်စက်သည့်ပုံစံ ဒီလူသည် သက္က
မွေးစားအဖေ၏သားအရင်းဖြစ်သူ
တိုးတက်လင်းဖြစ်သည်။ သက္ကမာန် မွေးစားအဖေသည် မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင် ဦးလင်းဟန်ဖြစ်သည်။ဦးလင်းဟန်သည် company လုပ်ငန်းအနည်းစုကိုဘမ်းပြကာ နောက်ကွယ်တွင်မှောင်ခိုဘိန်း
ကူးသန်းရောင်းဝယ်ပြီးတရားမဝင်ငွေမဲများဖြန့်ချိသောလုပ်ငန်းများစွာကိုလုပ်ဆောင်သူ
လူမိုက်ဂန်းစတားများဖြစ်ကြပီး လူတစ်ယောက်ကိုသတ်ပြစ်ဖို့ဝန်မလေးကြသော
ဂန်းစတားများဖြစ်သူ

"မင်းလူပျောက်နေတယ်ဆိုတိုင်း ငါ့တို့ဘက်ကလူကိုစွပ်စွဲရအောင်မင်းတို့မှာဘာသက်သေရှိလည်း"

"သက်သေ ဟားဟားမင်းတို့လုပ်တာအသိသာကြီးဘာသက်သေလည်း မင်းလိုမိမရှိဖမရှိကောင်ကများသက်သေတဲ့လား မင်းအခုလိုချမ်းသာကြွယ်ဝမှုတွေခံစားနေရတာ ငါ့ဒယ်ဒီကြောင့်ဆိုတာမမေ့နဲ့ ခွေးလိုကောင်"

"‌ဒီမှာ ငါ့လိုမွေးစားသားကမင်းထက်ပိုသာနေတော့ မင်းငါ့အပေါ်မုန်းနေတာမစမ်းပါဘူး"

သက္ကမာန်သည် အနောက်တိုင်းအင်ကျီအတွင်းအိတ်ကပ်ထဲကစီးကရက်တစ်လိပ်ကိုထုတ်ရင်း မျက်ခုံးပင့်ကာဆိုသည်။

Hello BossWhere stories live. Discover now