အခန်း-၄၆

1.9K 147 34
                                    

ညကြီးမင်းကြီး အပေါ့အပါးသွားချင်လာတာနဲ့ အိပ်ရာပေါ်မှ ထလာလိုက်ရသည်။ အဆောင်ခန်းက ထွက်ပြီး ရေအိမ်ဆီ မသွားခင် သောင်လင်းခကြွယ်၏ ကုတင်ကို တစ်ချက်ကြည့်မိ၏။ ဒန်းမွေက ကြည့်ရှုဆောင်မဖို့ အကူအညီတောင်းထားတာမို့ တခြားဂျူနီယာများထက်ပိုပြီး အာရုံစိုက်ပေးရမှာက သူ့တာဝန်ပေ။ နံရံကို မျက်နှာမူပြီး အိပ်တတ်တဲ့ လူက ဒီနေ့ညမှ သူတို့ဘက် လှည့်အိပ်နေပြီး ကြည့်ရတာက မူမမှန်။ ဆံပင်တွေက နဖူးမှာ စေးကပ်ပြီး ချွေးတလုံးလုံးနဲ့ ပူအိုက်နေပုံရပေမဲ့ သူတို့အခန်းကတော့ ခဲစိမ့်နေ၏။ မသိုးမသန့်စိတ်နဲ့ သူ့ ကုတင်ဘေးကပ်ပြီး တိုးတိုးခေါ်လိုက်သည်။

"လင်းခ.."

တုတ်တုတ်ပင် မလှုပ်တာမို့ ခြင်ထောင်စကို လှန်ပြီး ပုခုံးကို လှုပ်နှိုးမိသည်။ ဘုရားဘုရား ရေခဲလိုအေးစက်မှုမျိုးကို သူ့အသားတွေဆီမှ ခံစားနေရပြီး ခန္ဓာကိုယ်ပေါ် ချွေးအလွှာတွေ ဖုံးအုပ်နေပုံက သာမာန်ရိုးကျမဟုတ်ပေ။

ပြည်ခမ်းစိုင် သူ့ပုခုံးမှ ဆွဲမလှုပ်နှိုးသည်။ ပျော့ဖတ်နေသူက အသိမဝင်ဘဲ အအိပ်ဆတ်တဲ့စည်သူသာ လန့်နှိုးလာ၏။

"ခမ်းစိုင်"

"လင်းခ နှိုးလို့မရဘူး စည်သူ"

သူပြောတော့ ပြူးပြူးပြဲပြဲနဲ့ လန့်ဖျပ်ထလာပြီး လင်းခဘေး သူတို့နှစ်ယောက် ဝိုင်းမိလျက်သား ဖြစ်သွားသည်။ စည်သူက လင်းခ၏ နဖူးနဲ့ ခြေတွေလက်တွေကိုအရင်စမ်းပြီး နှာခေါင်းအောက်ကို လက်ညှိုးခံစမ်းသည်။

"သတိလစ်သွားတာလားမသိဘူး ခက်တာပဲ"

ပြောပြောဆိုဆိုနဲ့ နှစ်ယောက်သား ဆွဲမ,ရသည်။ ပုခုံးနှစ်ဖက်မှာ တစ်ယောက်စီဝင်ထမ်းတာမျိုးက အချိန်ဖင့်လို့ ပြည်ခမ်းစိုင်ကပဲ သူ့ကိုပွေ့လိုက်ရ၏။ ထို့နောက် အဆောင်မှူးကို အသိပေးပြီး လင်းခကို စည်သူ့ကားထဲ ထည့်သည်။ မောင်းထွက်တော့မည့်အချိန်မှာပဲ ပြည်ခမ်းစိုင်က ဒန်းမွေကိုသွားခေါ်မည်ဟု ထဖောက်၏။

"ဘာလုပ်မှာလဲ.. အချိန်ကမရှိပါဘူးဆို သူနောက်မှ လိုက်လာလိမ့်မယ်"

ရှားလော့မှ နဂ္ဂတစ်များTempat cerita menjadi hidup. Temukan sekarang