အခန်း-၅၆

2K 185 67
                                    

"ပြီးရင် ဘာမှဟုတ်တာလည်းမဟုတ်ဘဲနဲ့" ဟူသော အထင်သေးသည့်စကားမျိုးကို သူငယ်ချင်းတွေဆီက ထပ်ထွက်မလာရဲတော့အောင်ပင် ဘီလီယံတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အေးစက်စိမ်းကားသွားလျက်ရှိသည်။ တစ်ယောက်ကိုတစ်ယောက် တွေ့ဖြစ်မည့်အရေးကို ရှောင်ကွင်းတတ်သလို စကားထဲတောင် ထည့်မပြောကြသည်မို့ ပတ်ဝန်းကျင်ကလူတွေမှာ တကယ်ပင်ပြတ်သွားပြီလားဟု အံ့သြခြင်းများစွာနှင့် သံသယဝင်စပြုလာရ၏။

ဘီလီယံက သူငယ်ချင်းတွေနှင့်အပြင်ပိုထွက်ပြီး ဟေးလားဝါးလားလုပ်ကာ အသည်းကွဲတာကို ဖုံးကွယ်နေသည်။ ထိုချိန် စည်သူကတော့ အိမ်နှင့်အလုပ်ကိုပဲ ကူးသန်းရာက ဘီလီယံ့ကို ခဏတာမေ့ဖျောက်စေရေးအတွက် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို လေးနက်စွာ ချလိုက်လေ၏။

သူ ဇီးပင်ကြီးသို့ သွားတော့မည် ဖြစ်သည်။

ထိုကိစ္စကို မေမေ့အားပြောတော့မည့် ညက သူ ညဉ့်နက်ထိ အလုပ်ထိုင်လုပ်နေခဲ့သည်။ အိပ်ခန်းထဲမှာမဟုတ်ဘဲ ထမင်းစားခန်းထဲမှာ အလုပ်လုပ်နေသော သူ့ကို ရေထသောက်သော မေမေက မြင်သွား၏။

သူအလုပ်လုပ်နေတာမြင်တော့ နားနားနေနေလုပ်ဖို့ပြောရင်း လက်ဖက်ရည်တစ်ခွက်ဖျော်ပေးသည်။

"ကျေးဇူးပါ မေမေ"

မေမေက သူစိတ်ညစ်နေတာကိုသိသည့်သဘောနှင့် ခေါင်းတစ်ချက်သာညိတ်ပြပြီး ဘာမှဆက်မမေးဘဲ လှည့်ထွက်မည် ပြင်သောအခါ သူကပဲ မေမေ့လက်ကို လှမ်းဆွဲလိုက်ရ၏။

"မေမေ ခဏ.."

"သားပြောစရာရှိလို့လား ပြောလေ"

မေမေ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်အထိ မေမေ့လက်ကို သူမလွှတ်ဘဲ ဆုပ်ကိုင်ထားသည်။

"ကျွန်တော် ဇီးပင်ကြီးကိုသွားတော့မယ် မေမေ"

နဂိုကတည်းက သွားမဲ့အစီအစဉ်ရှိတာမို့ အရမ်းအံ့သြပုံတော့မပြဘဲ အချိန်စောသွားတာကိုသာ မေမေက တွေးမိသွားပုံရသည်။

"သားပြောတော့ နောက်တစ်နှစ်လောက်မှသွားမယ်ဆို.."

"အစကတော့ အဲ့လိုပါပဲ.. ဒါပေမဲ့ စောသွားထားတော့လည်းကောင်းလားလို့လေ"

ရှားလော့မှ နဂ္ဂတစ်များTempat cerita menjadi hidup. Temukan sekarang