"လုပ်ပြီကွာ.. မင်းတို့ ဟိုတစ်နေ့ကမှ ပြန်တည့်တာကို ခုထပ်ဖြစ်ပြန်ပြီလား.. မင်ပထမနှစ်ကတည်းက ဖြစ်လိုက်တဲ့ရန်ကို ခု သုံးနှစ်ကျော်တဲ့အထိတောင် ဖြစ်လို့မပြီးသေးဘူး"
လင်းခက စတီယာတိုင်ကို ကျွမ်းကျင်စွာ လှည့်မောင်းရင်း ဝေဖန်သည်။ ဘီလီယံလည်း သူပြောသလို စဉ်းစားမိပေမဲ့ သူတို့အတွဲကိုက ကြောင်နဲ့ကြွက်လို ရန်မဖြစ်ရမနေနိုင်နေတာ ဖြစ်သည်။
"ဟျောင့်.. ဘယ်ဆိုင်"
"လမ်း ၃၀၊ ၆၅*၆၆ "
"အေး ဟိုမှာ တွေ့ပြီ တွေ့ပြီ.. ဘာလဲ ဂစ်တာပြန်ဝယ်မလို့လား"
"ဟုတ်ပါဘူး.. တယောဝယ်မို့"
"အယ်လယ့်.. ရန်သာဖြစ်ထားတာ ချစ်တာကတော့ တုန်နေတာပဲဟ"
"တုန်တယ်ဟေး.. တုန်လွန်းလို့ နတ်ဝင်နေသလားမှတ်ရတယ်"
သူငယ်ချင်းနှစ်ယောက် စကြနောက်ကြနှင့် ပါကင်ထိုးလိုက်ကာမှ ဘေးတွင် ရပ်ထားသော ကိုစည့်ကားကြီးကို တွေ့လိုက်ရသည်။
"ဟ.. ပြဿနာပဲ.. သူ တယောလာဝယ်တာထင်တယ်"
"အေးလေ မင်းတို့ကလည်း တိုက်လည်းတိုက်ဆိုင်တယ်.. "
ခေါင်းကုပ်ပြီး သူတို့အကြံအိုက်သွားသည်။ ရန်ဖြစ်ထားတဲ့အချိန်ကြီးမို့ ကိုစည့်အတွက် သူလာဝယ်ပေးသည်ကို ကာကယံရှင်အား မသိစေချင်။
"ဟျောင့် ပြန်လှည့်ကွာ.. ခဏနေမှပြန်လာမယ်"
"အေးအေး.."
လင်းခလည်း သူပြောသည့်အတိုင်း ပါကင်နေရာမှပြန်ထွက်ရန်ပြင်သော်လည်း ရုတ်တရက်မှာပင် ဆိုင်ထဲမှ ထွက်လာသော မောင့်အား တွေ့လိုက်ရသဖြင့်
"ဟာ မောင်.. မောင် "
"ထီးတဲ့မှ မောင်"
လက်ပါလှမ်းပြလိုက်သဖြင့် ကိုဒန်းမွေက သူတို့ကိုမြင်ပြီး ကားဆီပြေးလာသည်။ လင်းခကလည်း ထိုမှသတိရသဖြင့် နောက်ကျသွားပြီဖြစ်ကာ ဘီလီယံဆီမှ နားရင်းတစ်ချက်အကျွေးခံလိုက်ရသည်။
"ကလေးက ဒီကိုဘာလာလုပ်တာလဲ.. မောင်က စည်သူခေါ်လို့လိုက်လာတာ.. အော.. ပြည့်ပြည့်ရောပါတာပဲ.. ဆင်းလေ"
YOU ARE READING
ရှားလော့မှ နဂ္ဂတစ်များ
Romanceရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။
