ဇာတ်သိမ်းပိုင်း

7.7K 348 58
                                        

မင်္ဂလာပွဲကအပြန် သူငယ်ချင်းလေးယောက်နှင့် ကလေးတွေပေါင်းပြီး မင်္ဂလာမောင်နှံကို ကြိုးနှင့်တားကာ ဂဲဖိုးတောင်းသည်ကိုပင် အာရုံမစိုက်နိုင်ဘဲ ဧည့်ခန်းထဲမှာ လူကြီးတွေနှင့်စကားပြောနေသော ကိုစည့်ကို မသိမသာ ချောင်းနေမိသည်။

"ငပြည့်.. မင်းခုနက ကိုကြီးနဲ့စကားသွားပြောတာ ဘာတွေသိခဲ့ရလဲ၊ ဘာလို့ ပြန်မလာတဲ့လဲ၊ မင်းကိုချစ်သေးတယ်တဲ့လား၊ ဒါမှမဟုတ် အိမ်ထောင်တွေဘာတွေများကျနေတာလား"

"ဘာမှမသိခဲ့ရဘူး ဟေ့ကောင်"

"ဟင် အေးတာပဲဟ"

အားတက်သရောမေးလာသော ခီရာဦးပင် စိတ်ပျက်လက်ပျက်ဖြစ်သွားရှာသည်။

"နည်းနည်းပါးပါးလှုပ်ရှားအုံးလေ မင်းကလည်း"

"စကားပြောဖို့ အခွင့်အရေးမရတာ၊ သူ့ဆရာတွေ လာနှုတ်ဆက်နေတာနဲ့ ကိုစည်က နောက်မှပြောတဲ့"

"တစ်ချိန်လုံးတော့ တရစပ်စကားပြောနေရမှာမဟုတ်ပါဘူးကွာ၊ မင်းက သူအားတဲ့အချိန် ဆွဲဆတ်ပြီး ခေါ်သွားပေါ့၊ မင်းလုပ်နေကျပဲကို ခုမှဘာတွေကြောက်နေတာလဲ"

"ကြောက်ရတာပေါ့၊ သူ ငါ့အပေါ် ခံစားချက်ရှိသေးလား မရှိတော့တာလားမှ မသိရတာ၊ ခဏခဏ သွားရှုပ်နေရင်လည်း အာရုံနောက်ပြီး ထားခဲ့ခံရမှာကြောက်တယ်။"

"သူ့ကြည့်ရတာတော့ မင်းကိုချစ်သေးတဲ့ပုံပါ"

ခီရာဦးက မရေရာသော်လည်း အားပေးရှာသည်။ ဘီလီယံမှာ ထိုတစ်နေ့လုံး ကိုစည့်အား စကားပြောနိုင်မည့် အခွင့်အရေးကို ချောင်းနေသော်လည်း နိုင်ငံခြားထွက်သွားခဲ့တာကြာပြီဖြစ်သော ကိုစည့်မှာ ပြန်ရောက်တာနှင့် အားလပ်သည်ဟူ၍ မရှိဘဲ မိတ်ဆွေသားချင်းတွေကို အချိန်ပေးနေရသည်။

ပွဲပြီးလို့ အားလုံးပြန်သွားကြစဉ်မှာလည်း သူများအိမ်လိုက်သွားပြီး နှောင့်ယှက်လို့ မကောင်းတာနှင့် ကိုစည့်ကားနောက်မှ ဆိုင်ကယ်နှင့် မသိမသာ လိုက်သွားရင်း သူတို့အိမ်ထဲသို့ ကိုစည်နှင့် မေမေ ဝင်သွားတာကို ကြည့်ပြီးမှ ပြန်လှည့်ခဲ့ရသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now