အခန်း-၆၄

3.4K 213 29
                                        

"ဘီလီယံ.. ငါမေးနေတာကိုဖြေစမ်းပါ.. ပြည်ခမ်းစိုင်ကမင်းကားနဲ့ ဘာလို့ပြင်ဦးလွင်သွားတာလဲ"

စည်သူ့လက်ရာဟင်းတွေကို သွားဖြဲနဖြဲစားနေရင်း ပြုံးစိစိလုပ်ကာ မော့ကြည့်လာသဖြင့် မျက်မှောင်ကုပ်ပြလိုက်ရသည်။

"ဟို.. ကိုကြီးက ဝေလကို ကားတင်ပြေးသွားတာ"

"ဘာ.."

စည်သူ ဘာလိုက်တာ ဘီလီယံပင် တုန်သွားသည်။ ပြီးမှ သွားဖြဲရယ်ပြလာ၏။ ဒီကောင် သူ့ဟာသူ အပြစ်လုပ်ထားမှန်းတော့ သိသေးတာပဲ။

အချိန်ကိုက်ဆိုသလိုပင် စည်သူ့ ဖုန်းကလည်း တတီတီမြည်လာပြီး ဖုန်းဆက်သူက ဒေါ်ခင်မုဏ်းပြည့်လျှံ ဖြစ်နေတော့သည်။ ခေါင်းကတော့ ညကတည်းက ခဲနေရပြီ ဖြစ်၏။

"ကိုစည် မကိုင်နဲ့နော်.. မကိုင်ရဘူး"

ဘီလီယံက အလန့်တကြား ထလုပေမဲ့ စည်သူ ရယ်ပြီး ဖုန်းကို ခါးနောက်ဖွက်လိုက်သည်။

"အေးပါအေးပါ မကိုင်ပါဘူး.. မနက်ကျမှ အဆူခံကြတာပေါ့.. မင်းတော်တော်မွှေပါလား ဘီလီယံ.. ဒါလည်း မင်းစနက်ပဲမလား"

"ဟာ ကိုစည်ကလည်း.. ကျွန်တော့်စနက်မဟုတ်ပါဘူး ကျွန်တော်က အကြံပဲပေးတာ.. "

"ခွေးကောင်လေး.. တအားကိုတတ်နေတာ"

"ဘာတက်တာလဲ.. ကိုစည့်အပေါ်လား"

"ဟေ့ကောင်"

စည်သူ သူ့ခေါင်းကို မနာအောင် ရိုက်ပစ်လိုက်တော့ တခွီခွီရယ်ပြီး ထမင်းငုံ့စားနေသည်။ မျက်နှာချိုသွေးနေတော့ စိတ်လည်းမဆိုးရက်တော့သည့်အပြင် သူ့မွှေတတ်ပုံအား အသည်းယားမိသေး၏။

ညစာထမင်းစားပြီးတော့ အိပ်ခါနီး စည်သူ သူ့ဒဏ်ရာတွေကို ဆေးလိမ်းပေးသည်။ သူကသာ အေးဆေးဖြစ်ပေမဲ့ စည်သူ့မှာ ဒီဒဏ်ရာတွေမြင်တိုင်း ရင်ထဲအောင့်သက်သက်နှင့် စိတ်မကောင်းဖြစ်ရ၏။

"ကြည့်အုံးကွာ.. ကိုစည့်မျက်နှာက အဲ့ဒါ ဘာဖြစ်ရတာလဲ.. "

ဘီလီယံက သူ့မျက်နှာကို အမြဲတရိပ်ရိပ်ကြည့်နေရာက ဒီဒဏ်ရာတွေမြင်တိုင်း မသာမယာဖြစ်သွားသည်ကို သဘောမကျသည့်ပုံနှင့် ဆူလာသည်။ စည်သူ နှာခေါင်းလေးရှုံ့ပြီး ပြုံးပြလိုက်ရ၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now