အခန်း-၃၃

2K 161 44
                                    

ခြံပြင်ရောက်သောအခါ လက်မှ ရေကရားပင် လွတ်ကျမတတ် သူ အံ့အားသင့်သွားသည်။ မြောင်းထဲ ပြုတ်ကျနေသူက ဘီလီယံ ဖြစ်နေပါရောလား။

စိုးရိမ်စိတ်နှင့် သတိလွတ်ကာ လူတွေ အုံကြပ်နေသည့်အထဲ တိုးဝင်သွားပြီး သူ့ကိုယ်ပေါ် ပိနေသော ဆိုင်ကယ်ကို တွန်းဖယ်နေသည့် ဘီလီယံ့ဆီ ဆင်းသွားမိသည်။ ထိုချိန်မှာ အင်မတန် ရွံတတ်သည့် အကျင့်ဆိုတာလည်း သူ့ ကိုယ်၌ ရှိမနေတော့ပေ။

ဘီလီယံ၏ အရောင်ဖျော့သော တီရှပ်မှာ ရွံ့ဗွက်များနှင့် ညစ်ပတ်ပေရေနေပြီး မျက်နှာထိပါ တက်စင်ထားသည်။ ဘီလီယံက သူ မြောင်းထဲ ဆင်းလာတာမြင်တော့ ထခုန်မတတ် လန့်သွား၏။

"ဘီလီယံ.. ရရဲ့လား"

ပြာယာခတ်ပြီး ဘီလီယံ့လက်ကို လှမ်းဆွဲပေမဲ့ ဖြုန်းခနဲ ပုတ်ထုတ်ခြင်း ခံလိုက်ရသည်။ ဘီလီယံ့မျက်နှာက ရှက်စိတ်နှင့် မွှန်ထူ နီရဲကာ သူ့အား ရဲရဲ မကြည့်ပေ။

မနေ့ညက ရန်ဖြစ်ထားသည်ကို မေ့လျော့စွာ သူက ဘီလီယံ့ပုခုံးနှစ်ဖက်မှ ပွေ့ယူ၍ မြောင်းစပ်ပေါ် အတင်းဆွဲတင်ပေးခဲ့သည်။

"ရတယ် ကိုစည် ဖယ်"

ဘီလီယံက ဆောင့်ကြီးအောင့်ကြီးနှင့် သူ့ဆိုင်ကယ်ကို ဆွဲတင်ကာ ရွံ့ဗွက်များနှင့် မည်းတူးနေသော ဖင်ထိုင်ခုံပေါ်သို့ ခွတက်ရန် ပြင်သည်။

"ဘာလုပ်မလို့လဲ.. ဆိုင်ကယ်ကို ခြံထဲ သွင်းလိုက် မင်းလည်း ရေဝင်ချိုးဦး"

အတင်းကာရော သူ ဆွဲခေါ်မှ လူတွေ ဝိုင်းကြည့်နေကြသည်ကို သတိထားမိပြီး ရှက်သွားပုံရှိကာ ဆောက်ကန်းကန်းနှင့် ခြံထဲ လိုက်ပါလာခဲ့သည်။ အချိန်ကိုက်ဆိုသလိုပင် အပြင်က အသံများကြောင့် စပ်စုလာသော မိစိုးကလည်း ခြံဝမှာတင် မတ်တပ်ရပ်ပြီး ရှေ့တိုးနောက်ဆုတ် ဖြစ်နေ၏။

"မိစိုး.. ဆိုင်ကယ်ကို ရေဆေးထားလိုက်"

စည်သူက တစ်ချက် ခိုင်းပြီး ဆိုင်ကယ်လက်ကိုင်ပေါ်က ဘီလီယံ့လက်ကို ဆွဲယူလိုက်ရာ တစ်ကိုယ်လုံး နံစော်၍ ညစ်ပတ်နေသူက မလိုလားဟန် ရုန်းလေ၏။

"ကဲ လာပါကွာ.."

စည်သူ့မှာ သူ့ကို သန့်ရှင်းပေးဖို့အရေး ကိုယ်ကပဲ ချော့ချော့မော့မော့ ခေါ်နေရသည်ဟု မငြိုငြင်နိုင်ဘဲ အိပ်ခန်းထိ ခေါ်လာပြီးနောက် ရေချိုးခန်းထဲ တွန်းပို့လိုက်ရသည်။

ရှားလော့မှ နဂ္ဂတစ်များDonde viven las historias. Descúbrelo ahora