အခန်း-၆၁

600 100 10
                                    

တိမ်ရှင်း၍ နေသောသော တစ်ရက်တွင် ဘီလီယံက သူ့သူငယ်ချင်းလေးယောက်ကို အိမ်သို့အလည်ခေါ်ထားသည်။ သူတို့ သူငယ်ချင်းတတွေဟာ လူမှန်းသိတတ်စကတည်းကပေါင်းလာသည့် စည်သူတို့သုံးယောက်ထက်ပင် ပိုပြီးအတူတူရှိကြသည်ဟု ထင်ရလောက်အောင် အားသည်ဆိုတာနှင့် တွေ့ဖို့ပဲကြံနေကြသည်။ တွေ့ကြတိုင်းမှာလည်း စာဂျပိုးလင်းခပါမကျန်အောင် အကုန်လုံး တခွီခွီနှင့် တစ်ချိန်လုံး ဟီလာထနေတော့သည်။

ခုလည်း အိမ်ထဲမှာ ရေချိုးခန်းရှိသည်ကို စည်သူ့သဇင်ပန်းတွေကို ရေလောင်းရန်လုပ်ထားသည့် ခြံထဲက အုတ်ရေကန်ရှေ့မှာ အပေါ်ပိုင်းဗလာတွေနှင့် ကမြင်းနေလေသည်။ ဒီကိစ္စက ဘီလီယံစသည့် ဇာတ်ပင်။ ရေချိုးခါနီး လေးယောက်လုံးကို သဇင်ပန်းရေလောင်းဖို့ခေါ်ပြီးမှ ရေပိုက်ဖွင့်ကာ အကုန်လုံးကို လိုက်ပက်ပစ်သဖြင့် ဟိုကောင်တွေကလဲ ပြန်လုပ်ပြီး အကုန်စိုရွှဲကုန်ကြခြင်းဖြစ်သည်။

ခန်နိုင်းမံနှင့် သောင်လင်းခကြွယ်က ရေကန်ဘောင်ပေါ်တက်ထိုင်ရင်း ရေချိုးကာ ဘီလီယံနှင့် ဝေလက မြက်ခင်းပြင်ပေါ် လှဲလျောင်းရင်း ရေပန်းကိုအပေါ်ထောင်၍ မိုးစက်များသဖွယ်ကျလာသည်ကို သဘောတကျ ဆော့နေပြီး ခီရာဦးကတော့ အဝတ်လျှော်နေ၏။

ခြံဝန်းထဲက စားပွဲဝိုင်းမှာ လက်ဖက်ရည်သောက်ရင်း ပြည်ခမ်းစိုင်ကဦးဆောင်၍ အာလာဘသလာဘ ပြောကြစဉ် ဒီလို အနားယူရမည့်အချိန်မှာတောင် အလုပ်ထဲခေါင်းစိုက်နေသော စည်သူ့ကို "အလုပ်သရဲ"ဟု ဝေဖန်လာသဖြင့် ပုခုံးသာတွန့်ပြလိုက်ရ၏။

"ဒန်းမွေ ဘယ်ရောက်သွားလဲ"

စည်သူ မေးတော့ ပြည်ခမ်းစိုင်က မေးငေါ့သည်။ လင်းခတို့ ရေဆော့သည့်နားမှာ မတ်တပ်ရပ်ပြီး ရေကန်ဘောင်ပေါ်က သူ့ရည်းစား ပြုတ်ကျမည်ကို စိုးထိတ်လျက် ထိုင်မလိုထမလိုဖြစ်ကာ ရစ်သီရစ်သီ လုပ်နေသည့် ဒန်းမွေက ကလေးအဖေကြီးအတိုင်းပင်။

"တော်တော့်ကိုသည်းတဲ့ကောင်"ဟု မှတ်ချက်ပေးလိုက်ပြီးမှ သူကိုယ်တိုင်လည်း လပ်တော့မှ ငါးမိနစ်တစ်ခါ မျက်လုံးခွါပြီး ဘီလီယံ့ကို လှမ်းလှမ်းကြည့်မိသည်ကို သတိရ၍ မလုံမလဲဖြစ်သွားရသည်။

ရှားလော့မှ နဂ္ဂတစ်များOnde histórias criam vida. Descubra agora