ညလေအေးနှင့် စကားသံများ ရောယှက်နေသော ညမှာ ကိုစည့်ကုတင်ပေါ်၌ ဘီလီယံနှင့်ကိုစည် လှဲလျောင်းနေသည်။ ရောက်တတ်ရာရာတွေပြောရင်း နေမကောင်းဖြစ်သူ နားညီး၍ ခေါင်းကိုက်လာမှာကို စိုးရိမ်သော်လည်း ကိုစည်ကတော့ တဆတ်ဆတ်လှုပ်နေသည့် သူ့ နှုတ်ခမ်းလေးပေါ်မှာသာ အာရုံအပြည့်စိုက်ထားလျက်ရှိ၏။
"ဟူး.. မောတာ"
"မောမှာပေါ့.. သူများအတင်းအစုံပတ်ပြောနေတာကိုး"
"အတင်းပြောတာမဟုတ်ပါဘူး ကိုစည်ရ.. သမီးရည်းစားချင်း မသိသေးတဲ့အရာတွေ ဝေမျှတာလို့ ခေါ်တယ်"
"ဘာဝေမျှတာလဲ.. မင်းဝေမျှတာက သူများအကြောင်းတွေ"
"အော်.. ကဲ"
ကုတင်ခေါင်းရင်းကိုမှီ၍ ထိုင်နေသော ဘီလီယံက သူ့ရင်ခွင်ထဲက စည်သူ့ကို ပိုမို သိုင်းဖက်လိုက်သည်။ နွေးနေသည့် ခန္ဓာကိုယ်က အဖျားသွေးတရိပ်ရိပ်တက်နေသလိုပင်။
"သဲသဲ ခေါင်းမူးသေးလား"
"နည်းနည်းပါ.. ဘီလီယံ"
"ဗျာ"
ငုံ့မိုးကြည့်လာသော သူ့ကို စည်သူကပြုံး၍ မော့ကြည့်လိုက်သည်။
"မင်းငါနဲ့အတူနေချင်လား"
ဘီလီယံ့မျက်နှာပေါ်က တည်ငြိမ်မှူတွေကြားထဲမှာ ပျော်ရွှင်ခြင်းလေးတစ်ချက် ဝင်းခနဲ လဲ့သွားသည်။
"နေချင်တာပေါ့ ကိုစည်ရဲ့"
"ငါတို့နှစ်ယောက်တည်းလေ.."
"နေချင်တယ်.."
"မင်းနေချင်တယ်ဆို နေလို့ရတာပေါ့.."
ဘီလီယံက ခပ်ပြေပြေ ပြုံးနေရင်းမှ နားမလည်ဟန် ငေးမောကြည့်လာသည်။
"ဘယ်မှာနေကြမှာလဲ"
"ငါ့မှာ အိမ်တစ်လုံးဆောက်ထားတာရှိတယ်.. မင်းနဲ့ငါအဲ့မှာတူတူနေမယ်လေ"
သူ့စကားကို ဘီလီယံက မမျှော်လင့်ထားဟန် အံ့အားသင့်လျက် ဖြစ်သွားပြီးမှ ထစ်အစွာ မေးသည်။
"အ.. အခုနေမှာကိုပြောတာလား"
"အေးပေါ့"
ဟာသတစ်ခုကို အသိအမှတ်ပြုသလို ခပ်ဟဟရယ်လိုက်သော ဘီလီယံကြောင့် ဒီတစ်ခါအံ့သြရသူက စည်သူပင် ဖြစ်သွားသည်။
ŞİMDİ OKUDUĞUN
ရှားလော့မှ နဂ္ဂတစ်များ
Romantizmရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။