< သူငယ်ချင်းတွေနဲ့နေရတာ ပျော်ရဲ့လား.. မောင် ဘာပို့ပေးရမလဲ.. ကလေး ဘာစားချင်လဲ >
< နေပါစေ မောင်ရယ်.. ဒီမှာ မုန့်တွေ အလျှံပယ်ဖြစ်နေလို့ကို မနည်းစားနေရတယ်.. မနက်ဖြန်ကျရင်လည်း ဟော့ပေါ့မှာစားကြအုံးမှာ >
< ဟုတ်ကဲ့ပါဗျာ.. အဲ့ဒါဆို မောင်ရေချိုးတော့မယ်နော် >
< အကြာကြီး မချိုးနဲ့.. ကျွန်တော် စောစောအိပ်မလို့ လိုင်းပိတ်လိုက်ပြီနော် ညကျ ဖုန်းမခေါ်တော့ဘူး >
< ခဏလေးတောင် မရဘူးလား >
သူ နောက်ဆုံးပို့ခဲ့သည့် စာကိုပင် ဝင်မကြည့်သွားသော profile လေးက Facebook ပေါ်တွင်လည်း မရှိတော့ပေ။ ဘာအကြောင်းပြချက်မှမသိရဘဲ သူ့ ချစ်သူ ပျောက်သွားတာ ဒီနေ့နဲ့ဆို တစ်ပတ်ရှိသွားလေပြီ။ အရင်တုန်းက ငြင်းဆန်ပြီး တွန်းထုတ်ခဲ့သလောက် ချစ်သူဖြစ်သွားသည့်အချိန်ကစပြီး စိတ်လုံခြုံမှုအပြည့်ရအောင် ချစ်ပြတတ်သော ကလေးမို့ သူမကြိုက်သည့်အရာတွေ ဇွတ်မမေးဘဲ သူ့ကမ္ဘာလေးနှင့်သူ တသီးတသန့်ဖြစ်စေခဲ့သည်။ တစ်နှစ်ကျော်တွဲခဲ့သည့် ချစ်သူတစ်ယောက်လုံး၏ နေရပ်လိပ်စာနှင့် မိဘ၊ ဆွေမျိုးသားချင်းတို့ကို မသိ၍ ညံ့သည်ဟု သတ်မှတ်လျှင်လည်း ဒန်းမွေခံရပါမည်။ ချာတိတ် သူ့အပေါ် ဒီလိုလုပ်ရက်လိမ့်မည်ဟု မထင်ထားခဲ့သည့်တိုင် တကယ်လုပ်သွားသောအခါတွင်လည်း အပြစ်မဆိုရက်ဘဲ စိုးရိမ်ပူပန်စိတ်သာ ကြီးစိုးမိသည်။ သူ့မျက်ကွယ်ရာမှာ ဒုက္ခရောက်နေမှာ အဆင်မပြေဖြစ်မှာ စိုးရိမ်သည်။ ပြတ်ချင်တယ်ဟု ဒီတိုင်း ပြောလိုက်လျှင်တောင် မိတ်ဆွေအနေနှင့် ဆက်ရှိပေးပြီး ဘေးကနေလိုက်စောင့်ရှောက်လို့ရသေးသည်။ သူက လင်းခဘေးမှာ ဘယ်လိုပဲရှိရရှိရ ကျေနပ်ခဲ့ပေမဲ့ လင်းခအတွက်တော့ သူနှင့်ချစ်သူဖြစ်ခြင်းဟာ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ဟန်တူပါသည်။ အဲဒီအတွက်တော့ သူစိတ်မကောင်းဖြစ်ရ၏။
"အဲ့ဒါကြောင့် ငါအစကမင်းကိုပြောသားပဲ.. အဲ့ကောင်ကလေးက မင်းကိုချစ်တယ်လို့တောင် အဖြေမပေးဘဲ တွဲခဲ့တာလေ.. မင်း တအားချစ်နေမှန်းသိလို့ တကယ်မချစ်ဘဲ သပ်သပ်ပလေးသွားတာ အသိသာကြီး.. မင်းကလည်း တအားတွေနစ်ပြနေတာကိုး"
YOU ARE READING
ရှားလော့မှ နဂ္ဂတစ်များ
Lãng mạnရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။
