အခန်း-၆၆

529 82 16
                                    

ဝုတ်.. ဝုတ်.. ဝုတ်

ခွေးဟောင်သံနှင့်အတူ နှာခေါင်းသို့ လာကျီစယ်သော ပျော့အိ၍ စိုစွတ်သော အထိအတွေ့မှာ ဘီလီယံ့ မျက်လုံးတို့ ပွင့်လာသည်။ မီလီယံက ဧည့်ခန်းမှ လိုက်ကာကြိုးကို သူ့ပါးစပ်နှင့် ခုန်ဆွဲ၍ ဖွင့်လိုက်သဖြင့် ပြင်ပ နေအလင်းရောင်က ဘီလီယံ့ မျက်ခွံတွေထဲ စူးရှစွာ ဖောက်ဝင်သွား၏။ ဆိုဖာပေါ်မှာ အဝတ်ဗလာနှင့် နှစ်ယောက်ပူးကပ်အိပ်နေမိပြီး စောင်ပါးလေးတစ်ထည်သာ လွှမ်းခြုံထားသော ဘီလီယံ့ရင်ခွင်ထဲမှ ကိုစည်က လူးလွန့်နိုးလာပြီး မျက်လုံးပွင့်လာသည်။

"အာ.. ဒီမှာအိပ်သွားတာလား.. ဘီလီယံကလဲကွာ အခန်းထဲပို့ပေးမယ်မရှိဘူး"

ကိုစည်တို့က နိုးတာနှင့် စဆူပြီပဲဖြစ်သည်။ ဘီလီယံ ပြုံးလိုက်ရင်း ထတော့မည့် ကိုစည့်ပုခုံးကို ပြန်ဆွဲချကာ စောင်နှင့်အတူ လုံးထွေးပွေ့ဖက်ရင်း ခန္ဓာကိုယ်ချင်း မီးထွက်မတတ် ပွတ်သပ်နေလိုက်၏။

"ကျွန်တော်လည်း မောပြီး အိပ်ပျော်သွားလို့ ကိုစည်"

"ဘီလီယံ.. ပွတ်သီးပွတ်သပ် မလုပ်နဲ့ကွာ"

"လုပ်မှာပဲကွာ"

ဝုတ်.. ဝုတ်..

မီလီယံက သူတို့နှစ်ယောက်ကိုထိုင်ကြည့်ပြီး တစ်ချက်ဟောင်လိုက်သဖြင့် ဘီလီယံ ရယ်မိသွားသည်။

"ဘာလဲ မင်းက မနာလိုတာလား.. မနေ့ညကျ သိုးနေအောင် အိပ်နေပြီးတော့"

"ဘယ်နှနာရီတောင်ရှိပြီလဲ"

"စောပါသေးတယ်.. ၇ နာရီပဲရှိသေးတာ သည်းလေး ပြန်အိပ်အုံး"

"၇ နာရီက စောတာလားကွ"

"ဒီနေ့ကျောင်းပိတ်တယ်လေ"

"ကျောင်းပိတ်တိုင်း နောက်ကျမှ ထရောလား.. ငါ ခုမှ စျေးသွားရင် ဘာမှရှိတော့မှာမဟုတ်ဘူး.. ဘယ်လိုလုပ်မှာလဲ ကဲ"

ကိုစည်က ဘီလီယံ တွန်းထိုးကလိပြီးစနေတာမို့ စိတ်ကြည်လင်နေပုံရကာ ရယ်သံနှောနှောနှင့် မေးလာသည်။ ဘီလီယံလည်း ကိုစည့် မေးဖျားလေးကို ဆွဲယူကာ နှာတံထိပ်ချင်း ပွတ်တိုက်စေရင်း တအီအီ ချွဲနေမိ၏။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now