အခန်း-၆၀

1.2K 132 29
                                    

စည်သူ အိမ်ပြန်ရောက်လာချိန်မှာ ခြံထဲ၌ ဆိုင်ကယ်နှစ်စီး ဆိုက်ရပ်ထားတာ တွေ့ရသည်။ ဧည့်ခန်းဝဆီ ရောက်တော့ တပည့်တွေထဲက တစ်ယောက်ဖြစ်သည့် မောင်သန့်စင်ကျော်နှင့် သူ့သူငယ်ချင်းဖြစ်ဟန်တူသော ကောင်လေးနှစ်ယောက် ကြောင်နနလေး ထိုင်နေရာမှ သူ့ကို မြင်တော့ ဝမ်းသာအားရ ထနှုတ်ဆက်၏။

"ဆရာ.. "

"သန့်စင်တို့ပါလား.. မင်းတို့ဘယ်တုန်းကရောက်နေတာလဲ"

"ခုနကမှရောက်တာ ဆရာ.. အိမ်တံခါးကြီးဖွင့်ပြီး အထဲမှာ လူလဲမရှိဘူး"

"ဟင်.."

စည်သူ ဇဝေဇဝါ ဖြစ်သွားပြီး အိပ်ခန်းထဲ ဝင်မည်လုပ်တော့ အခန်းတံခါးကပွင့်လျက်သားနှင့် အထဲမှာ နားကြပ်တပ်ကာ ဂိမ်းထိုင်ဆော့နေသော ဘီလီယံကို တွေ့ရသည်။ သာမာန်လူတွေ့လျှင်တောင် ဒေါသဖြစ်နိုင်သော အခြေအနေမှာ စည်သူ့လို စိတ်ဆတ်သောလူက သဘာဝကျစွာပဲ လွှတ်ခနဲ အော်ခေါ်လိုက်မိ၏။

"ဘီလီယံ"

အနောက်က ဆောင့်အော်လိုက်မှ ဘီလီယံ ကြားသွားပြီး နားကြပ်ဖြုတ်ကာ နောက်လှည့်ကြည့်လိုက်လျှင် ဒေါသမျက်ဝန်းများနှင့် ပေါက်ထွက်မတတ် စိုက်ကြည့်နေသော စည်သူ့ကို ရင်ဆိုင်လိုက်ရသည်။

"အယ်.. ကိုစည် ပြန်ရောက်ပြီလား"

"အရှေ့မှာ ဧည့်သည်ရောက်နေတာ မင်းသိလား"

"ဗျာ.."

ဘီလီယံက ပီဘိမသိသည့်ပုံမျိုးနှင့် သူ့ကွန်ပျူတာကိုပိတ်ကာ ဧည့်ခန်းဘက်ထွက်ကြည့်ပြီး သန့်စင်တို့ကိုမြင်မှ မျက်နှာငယ်လေးနှင့် ခေါင်းကုတ်သွားသည်။

" ဧည့်သည်ရောက်နေတာ မင်းမသိဘူးမလား.. "

မာကျောအေးစက်သော သူ့လေသံမှာ ဘီလီယံ့မျက်ဆံတွေ အနည်းငယ်လှုပ်ခတ်သွားပြီးနောက် ဧည့်ခန်းထဲမှ ကောင်လေးတို့နှင့်လည်း အကြည့်ချင်းဆုံကာ နေရခက်သွားဟန် ရှိသည်။

"ကော်ဖီသွားဖျော်ပေးမယ်နော်"

"ဒီနေရာမှာ သန့်စင်တို့မဟုတ်ဘဲ သူခိုးဝင်လာရင် ဘယ်နှယ့်လုပ်မလဲ.. ကိုယ့်အိမ်ထဲကို ဧည့်သည်လာတာတောင် မသိရအောင် ဘာတွေများရေးကြီးခွင်ကျယ်လုပ်နေလဲမှတ်တယ် မင်းကဂိမ်းဆော့နေတာပဲ.. ငါက ဒီလောက်တောင် မင်းကို အားကိုးမရဘူးလား.. ဧည့်ခန်းနဲ့အိပ်ခန်းလည်း ဘယ်လောက်မှ ဝေးတာမဟုတ်ဘဲနဲ့ နောက်ပိုင်းတွေ ငါမင်းကိုဘယ်လိုစိတ်ချပြီးထားခဲ့ရမှာလဲ"

ရှားလော့မှ နဂ္ဂတစ်များDonde viven las historias. Descúbrelo ahora