အခန်း - ၇၁

3.1K 196 22
                                        

ဘွဲ့အသီးသီးရ၍ အတောင်စုံသွားသောအခါ သူငယ်ချင်းတွေက နေရပ်ကိုယ်စီပြန်သွားကြသည်။ ခီရာဦးက မုံရွာပြန်ပြီး ဝေလလည်း မိဘအလုပ်တွေကူဖို့ စစ်ကိုင်းခဏပြန်ကာ ဒီတစ်ခေါက်ကောက်ရိတ်သိမ်းချိန်မှ မန္တလေးပြန်လာမည်ဆို၏။ ဘီလီယံလည်း အာရုံခဏပြောင်းအောင် သူ့အင်္ဂလိပ်စာအတန်းတွေကို ပြန်ဖွင့်လိုက်သည်။ ဘွဲ့ရသွားတော့ ဆရာလုပ်ရတာလည်း အခွင့်အလမ်း ပိုများသွား၏။ ခန်နိုင်းမံကတော့ ခဏတိုင်းဆိုသလို အိမ်လာလည်သည်။

"Alright, guys, that's all for today, see you tomorrow "

ဘီလီယံ အတန်းပြီးတော့ laptop ပိတ်ကာ အညောင်းအညာပြေအကြောဆန့်လိုက်သည်။ ထိုစဉ် ပုခုံးကို ခြေထောက်နှင့်ဖျတ်ခနဲ အကန်ခံလိုက်ရသဖြင့် ထိုခြေထောက်ကို ဖမ်းဆွဲပြီး ချိုးလိမ်ပစ်တော့ အနောက်ရှိ ကုတင်ပေါ်ကခန်နိုင်းမံက ထအော်လာ၏။ ဘီလီယံ ရယ်ပြီး မတ်တပ်ထကာ ကုတင်ပေါ် တက်ထိုင်လိုက်သည်။

"ဘယ်လိုလဲ ဆရာကြီး.. အတန်းတွေ ဆက်လှချည်လား.. ရှည်ကြိတ်နေတယ်ပေါ့"

"ကြိတ်မှပဲ ဟေ့ကောင်ရေ.. မဟုတ်လည်း လွမ်းနာကျပြီး သေတော့မယ်.. မနေ့ညကလည်း အိပ်မက်တွေမကောင်းဘူး"

"မင်းတို့က ဆန့်ကျင်ဘက်သာဖြစ်နေတာ.. soulmate connection တော့ရှိတယ်နော်.. ကျောင်းတုန်းကလည်း ကိုကြီးစည်သူ နေမကောင်းဖြစ်တုန်းက မင်းရင်ဘတ်တွေအောင့်လို့ဆို"

"ဟုတ်တယ်.. မနေ့ညကလည်း ငါက ကိုစည့်ကိုလိုက်ရှာနေရတဲ့အိပ်မက်ကြီးမက်နေလို့"

"လွမ်းရင် ဖုန်းဆက်လိုက်ပေါ့ကွာ.. မင်းတို့ ခွဲနေတာ ဒီတစ်ခါအကြာဆုံးပဲ"

ခန်နိုင်းမံပြောတာ အလွန်မှန်သည်။ သူ ကိုစည်နှင့် ခြောက်လကြီးများတောင် ခွဲနေခဲ့ရသည်။ ကိုစည့် မျက်နှာ့ မမြင်ရသည်မှာ နှစ်ဝက်ရှိနေလေပြီ။ ဒါကို သူဘယ်လို ခံနိုင်ရည်နှင့် နေခဲ့မှန်းမသိပေမဲ့ ကိုစည့်ကို မလွမ်းရသည့်နေ့ဆိုတာတော့ မရှိခဲ့ပေ။

ထိုကြောင့် ဖုန်းထုတ်ပြီး contact ဖျက်ထားသည့်တိုင် အလွတ်ရနေသော ကိုစည့်နံပါတ်အား ရိုက်နှိပ်ပြီး ခေါ်ကြည့်လိုက်သည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now