"မလွယ်ဘူး"
သူမ၏ မျက်တောင်များကို စုန်ချည်ဆန်ချည် ပုတ်ခတ်ပြီး စိတ်ပင်ပန်းစွာ ပြောလိုက်သည့်နောက် စည်သူ့ သက်ပြင်းများ လွင့်ထွက်သွားသည်။
"ပြည့်ပြည့်က တကယ်မလွယ်တာပဲ.. ငါ့ဖြင့် ထင်တောင်မထင်ထားဘူး.. သူက နင့်ကို manipulate လုပ်တော့မဲ့ပုံနော်.. နင့်ကို လုံးဝကြိုးကိုင်ခြယ်လှယ်တော့မှာ"
ယုယ၏ မှတ်ချက်က ပြင်းထန်လွန်းလှသည်။ စည်သူ မျက်နှာထားစရာပင် မရှိတော့။
"ဘယ်လိုလဲ စည်သူ.. နင် သူ့ကို စိတ်ဝင်စားနေတာလား"
စည်သူက မျက်ခုံးများကို ပြုတ်ထွက်မတတ် တင်းကျုံ့ထားရင်း လှည့်ကြည့်လာသည်။
"စိတ်မဝင်စားပါဘူး"
"အမယ်လေး စည်သူရယ်.. စိတ်မဝင်စားလို့ပဲ နင် ဒီလောက်ထိတောင် အပြောခံနေတာပေါ့ ဟုတ်သလား"
"ဟာ"
စည်သူက လည်တိုင်ကြော့များ ရဲတက်သွားလျက် ပူနွေးနေဆဲ လက်ဖက်ရည်ခွက်ကို မော့ချလိုက်သည်။ ယုယက လက်ဖက်ရည်နှစ်ခွက်တင်ထားသည့် သစ်သားစားပွဲလေးပေါ် လက်ညိုးနှင့် တတောက်တောက် ခေါက်ပြီး အကြံထုတ်နေ၏။
"စုံနဲ့ မှုန်ဆီက သိရသလောက်တော့ ပြည့်ပြည့်က ဒါမျိုးတွေကို နင့်ကိုပဲ လုပ်တာ.. သူ ဘယ်သူ့ကိုမှ စိတ်ဝင်စားတာ မတွေ့ရဘူးတဲ့"
"ဟုတ်ပါ့မလားဟာ.. "
"ဟုတ်ပါတယ်.. Stalking မှာတော့ ငါ့ညီမတွေကို ဘယ်သူမှ မမှီဘူး.. သူတို့စကွက်ထဲမှာ နိုင်းမံပဲ ရည်းစားရှုပ်တာ.. ကျန်တဲ့လူတွေက အေးအေးဆေးဆေးပဲတဲ့.. သူတို့က ပြည့်ပြည့်ကို ဂေးလို့ ထင်နေကြတာ... ဟင်း တကယ်လည်း ဟုတ်တာပဲ"
ယုယက အပိုင်ပြောသဖြင့် ကမန်းကတန်း တားမြစ်လိုက်ရသည်။
"နင် သူများသားသမီးကို အဲ့လိုတော့မပြောနဲ့လေ.. တကယ်ဟုတ်ချင်မှဟုတ်မှာပေါ့"
"ဟဲ့ သူနင့်ကို စိတ်ဝင်စားနေတာ နင်သိတာပဲ..ဒါနဲ့ သူ ဂေးတာကို သိပ်မအံ့သြဘူးရယ်..ငါ ပိုအံ့သြမိတာက နင့်ကို ကြိုက်တာပဲ"
"ငါကဘာဖြစ်နေလို့လဲ"
စည်သူ မျက်စောင်းထိုးလိုက်မိသည်မှာ ကျိန်းသေသည်။ ယုယက စပ်ဖြဲဖြဲ လုပ်ရင်း..
![](https://img.wattpad.com/cover/335866692-288-k623128.jpg)
YOU ARE READING
ရှားလော့မှ နဂ္ဂတစ်များ
Roman d'amourရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။